DVB Logo
Home
မြန်မာသတင်း
ကာတွန်း​မြစ်ပြပွဲနှင့်​ အမျိုး​သား​နေ့​အထိမ်း​အမှတ် ကာတွန်း​ပြပွဲများ​ ပြသမည်
DVB
·
November 16, 2011
ကာတွန်း​မြစ်ပြပွဲနှင့်​ အမျိုး​သား​နေ့​အထိမ်း​အမှတ် ကာတွန်း​ပြပွဲများ​ ပြသမည်
Donate to DVB

ရန်ကုန်မြို့​မှာ ခုရက်ပိုင်း​အတွင် ကာတွန်း​ပြပွဲ​တွေ ဆက်တိုက်ကျင်း​ပဖို့​ ရှိ​နေပါတယ်။

ယောမင်း​ကြီး​လမ်း​က Gallery ၆၅ ပြခန်း​မှာ ကာတွန်း​မြစ်လို့​ နာမည်​ပေး​ထား​တဲ့​ ပြပွဲနဲ့​ ​ရွေဂုံတိုင်က အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ရုံး​မှာ ပြုလုပ်မယ့်​ အမျိုး​သား​နေ့​အထိမ်း​အမှတ် ကာတွန်း​ပြပွဲ​တွေ ပြသမှာပါ။

ယောမင်း​ကြီး​လမ်း​ပြခန်း​၊​ ကာတွန်း​ပြပွဲက ဧရာဝတီမြစ် ထိန်း​သိမ်း​ရေး​ အပါအဝင် သဘာဝပတ်ဝန်း​ကျင်ထိန်း​သိမ်း​ရေး​ ကာတွန်း​ကား​ပေါင်း​ ခုနှစ်ဆယ်​လောက် ပြသထား​မှာဖြစ်ပြီး​၊​ နိုဝင်ဘာ ၁၈ ရက်က​နေ ၂၀ ရက်ထိ သုံး​ရက်ပြသမှာဖြစ်တယ်လို့​ ကာတွန်း​ရွှေလူက ​ပြောပါတယ်။

ပြပွဲမှာပြသထား​တဲ့​ ကာတွန်း​ကား​တွေကို ​ရောင်း​ချသွား​မှာဖြစ်ပြီး​ လူမှု​ရေး​ရန်ပုံ​ငွေနဲ့​ သစ်ပင်စိုက်ဖို့​ လှူဒါန်း​မှာလို့​ ဆိုပါတယ်။ ကာတွန်း​ကား​ တကား​ ကျပ်သုံး​သောင်း​က​နေ သုံး​သိန်း​အထိ ​ဈေး​သတ်မှတ် ​ရောင်း​ချမှာဖြစ်ပါတယ်။

အဖွဲ့​ချုပ်ရုံး​မှာ ပြုလုပ်မယ့်​ အမျိုး​သား​နေ့​အထိမ်း​အမှတ် ကာတွန်း​ပြပွဲက​တော့​ ဒီနှစ်မှာမှ စတင်ပြုလုပ်တာဖြစ်ပါတယ်။ အဖွဲ့​ချုပ် ကာတွန်း​ပြပွဲအတွက် စီစဉ်ထား​တာကို အဖွဲ့​ချုပ်​ပြောခွင့်​ရ ဦး​အုန်း​ကြိုင်က ခုလို​ပြောပြပါတယ်။

“အဖွဲ့​ချုပ်ကို လာ​ရောက်ပြီး​တော့​ အကူအညီ​ပေး​ဖို့​ ကမ်း​လှမ်း​ထား​တဲ့​ ကာတွန်း​ဆရာ ၃၀ ရှိပါတယ်။ အဲဒီ ကာတွန်း​ဆရာ ၃၀ ကလည်း​ သူတို့​ ကာတွန်း​ပုံ​တွေ ဆွဲပြီး​တော့​ ပို့​ဖို့​ သ​ဘောတူထား​ပါတယ်။ ​နောက် ကျ​နော်တို့​ကလည်း​ ဝါရင့်​ကာတွန်း​ဆရာကြီး​တွေကို ချဉ်း​ကပ်ပြီး​တော့​ အမျိုး​သား​နေနဲ့​ လိုက်ဖက်မယ့်​ ကာတွန်း​ပုံ​တွေ ​ပေး​ပါလို့​ ကျ​နော်တို့​က အဲဒီလို ​မေတ္တာရပ်ခံထား​ပါတယ်။ ကျ​နော်တို့​က ၁၉ ရက်​နေ့​မှာပဲ ကာတွန်း​ပြပွဲကို ခင်း​ကျင်း​ပြီး​တော့​ ၁၉ ရက်​နေ့​မှာပဲ ဖွင့်​ပွဲလုပ်ပါမယ်။”

ကာတွန်း​ကား​ပေါင်း​ ငါး​ဆယ်​ကျော်​လောက် ခင်း​ကျင်း​ပြသသွား​ဖို့​ ရှိတယ်လို့​လည်း​ ​ပြောပါတယ်။ အဖွဲ့​ချုပ်ရဲ့​ အမျိုး​သား​နေ့​ ကာတွန်း​ပြပွဲမှာ ပါဝင်​ရေး​ဆွဲဖို့​ရှိတဲ့​ ကာတွန်း​ရွှေမင်း​သား​က သူဆွဲမယ့်​ ကာတွန်း​ပုံကို ခုလိုဆိုပါတယ်။

“အ​ကြောင်း​အရာက​တော့​ မကြာ​သေး​ခင်က ​ဒေါ်​အောင်ဆန်း​စုကြည်ကို ဆုတခု​ပေး​လိုက်တယ်​လေ။ Freedom House အဲဒီ Freedom House နဲ့​ ပတ်သက်တဲ့​ ဆုကို ကျ​နော်က စိတ်ကူး​လေး​တခုနဲ့​ ​ရေး​မှာပါ။”

အစိုး​ရသစ်လက်ထက်မှာ ပြီး​ခဲ့​တဲ့​ ပုဇွန်​တောင် ​ရေ​ကျော်လမ်း​ ကာတွန်း​ပြပွဲကစလို့​ လမ်း​မ​တော်၁၃လမ်း​ ကာတွန်း​ဦး​ဘဂျမ်း​ ကာတွန်း​ပြပွဲပါ ပြန်လည်ပြသခွင့်​ရခဲ့​ကြပြီး​ ကာတွန်း​နှစ်သက်တဲ့​ ပြည်သူ​တွေနဲ့​စည်ကား​ခဲ့​ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013