Home
မြန်မာသတင်း
ကပ္ပလီပင်လယ်ပြင်တွင် ၂၄ နာရီအတွင်း မုန်တိုင်းငယ် ဖြစ်ပေါ်နိုင်
DVB
·
December 4, 2016
ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းမှာ ၂၄ နာရီအတွင်း မုန်တိုင်းငယ်တခု ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေ၀သဌာနက သတင်းထုတ်ပါတယ်။ မိုးလေ၀သဌာနရဲ့ ဒီနေ့မွန်းလွဲ ၂ နာရီအချိန် ထုတ်ပြန်ချက်ထဲမှာ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေပြီး အဲ့ဒီ လေဖိအားနည်းရပ်ဝန်းဟာ နောက် ၂၄ နာရီအတွင်း ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်တယ်လို့ ဖော်ပြပါတယ်။ မိုးလေ၀သပညာရှင် ဦးထွန်းလွင်ကလည်း ဘင်္ဂလားပင်လယ်အော် မိုးလွန်ကာလ စတုတ္ထမြောက်မုန်တိုင်းကြောင့် မြန်မာနိုင်ငံမှာ ဒီဇင်ဘာ ပထမပတ်အတွင်း အချိန်အခါမဟုတ် မုန်တိုင်းမိုးရွာနိုင်တယ်လို့ သူ့ အင်တာနက်စာမျက်နှာကနေ သတိပေးထားပါတယ်။ မနက်ဖြန်မနက်အထိ ခန့်မှန်းချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာပြီး ရွာရန်ရာနှုန်း ၈၀ ရှိပါတယ်။ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်- တနင်္သာရီကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့မှာ တစ်ခါတစ်ရံ အရှေ့ ဘက်က လေပြင်းများတိုက်ခတ်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်တယ်။ အရှေ့ဘက်မှလေပြင်းများ တိုက်ခတ်စဉ် ရေပြင်/မြေပြင်လေဟာ  တစ်နာရီ လျှင် (၃၅)မိုင်အထိ တိုက်ခတ်နိုင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024