A d v e r t i s e m e n t With Us

ငြိမ်း​ချမ်း​ရေး​တရား​ပွဲ ဆက်လုပ်ခွင့်​ ပိတ်ပင်ခံရ

မန္တ​လေး​မြို့​က မစိုး​ရိမ်တိုက်မှာ ငြိမ်း​ချမ်း​ရေး​ တရား​ပွဲ​တွေ ဆက်လုပ်ခွင့်​ ပိတ်ပင်လိုက်ပြီး​ တရား​ဟောတဲ့​ သံဃာ ၅ပါး​လည်း​ ​နောက်ထပ် တ​နေရာမှာ ​ပြောင်း​ရွှေ့​သီတင်း​သုံး​နေပါတယ်။ [caption id="attachment_17852" align="alignright" width="300" caption="​ကျောင်းပြောင်းရွှေ့နေသည့်​ ဆန္ဒပြသံဃာများ​"][/caption] ငြိမ်း​ချမ်း​ရေး​တရား​ပွဲရဲ့​ ဦး​ဆောင်ကိုယ်​တော်တပါး​ဖြစ်တဲ့​ ဦး​သောပါက “​လော​လောဆယ် သူတို့​ကျောင်း​တိုက်ထဲမှာ လုပ်ရင် စာသင်စာချ သံဃာ​တော်​တွေလည်း​ ရှိ​တော့​ အဲ့​ဒီဆရာ​တော်​တွေကို အ​နှောင့်​အယှက်ဖြစ်မှာစိုး​လို့​ ဒီ​နေ့​တရက်​တော့​ ခွင့်​ပြုတယ်။ ပထမ သုံး​ရက် ခွင့်​ပြုတယ်။ ​ကျောင်း​တိုက်က ဒီမိုက​ရေစီစနစ်ကျင့်​သုံး​တော့​ အများ​ရဲ့​ဆန္ဒကိုခံယူရတာ။ အများ​ဆန္ဒက ရွတ်ကြလို့​ရှိရင် စာသင်စာချ​တွေကို ​နှောင့်​ယှက်လို့​ဆိုပြီး​ သံဃာတဦး​က ဒီ​နေ့​တရက်ပဲ ခွင့်​ပြုလိုက်တယ်။ ခွင့်​ပြု​တော့​ အစက နာရီ​ပေါင်း​ ၃ နာရီ၊​ ၄ နာရီလုပ်ခွင့်​ပေး​မလို့​။ ဒီ​နေ့​တော့​ ၁ နာရီ​လောက်နဲ့​ပဲ ဖြတ်လိုက်ရတယ်။ ဒါ​ပေမယ့်​ ​ကောင်း​ပါတယ်။ ၁ နာရီလည်း​ ၁ နာရီ​လောက် အကျိုး​ရှိတယ်။ သံဃာ​တွေက အများ​ကြီး​ တိုက်​ပေါင်း​စုံက ကြွလာကြတာ။ အား​ပေး​ကြတယ်။ နှုတ်ဆက်ကြတယ်။ ဝမ်း​သာစရာကြီး​ပေါ့​။ ​နောက် ဆရာ​တော်​တွေက လက်မှတ်ထိုး​ပြီး​တော့​ ဦး​ဇင်း​တို့​တောင်း​ဆိုတဲ့​ အချက် သုံး​ချက်ကို သူတို့​ကိုယ်တိုင် ပါဝင်တယ်​ပေါ့​။ ​တောင်း​ဆိုမှု​တွေကို သူတို့​ကိုယ်တိုင် သ​ဘောတူတဲ့​သ​ဘော​ပေါ့​ဗျာ။ တရား​ဝင် လမ်း​ကြောင်း​က​နေသွား​မယ်​ပေါ့​။ ဆရာ​တော်​တွေ ကိုယ်တိုင်ကကို ဒီကိစ္စကို လိုလိုလား​လား​ရှိတယ်ဆိုတဲ့​ ပုံစံနဲ့​သွား​မယ်​ပေါ့​” လို့ မိန့်ပါတယ်။ မ​နေ့​မနက်ပိုင်း​က မန္တ​လေး​ မဟာမြတ်မုနိဘုရား​ကြီး​ ဝင်း​က​နေ ငြိမ်း​ချမ်း​ရေး​တရား​ပွဲစခဲ့​ပြီး​ မ​နေ့​နေ့​ခင်း​ပိုင်း​မှာ တိုင်း​သံဃာမဟာနာယက ဆရာ​တော်​တွေရဲ့​ ​မေတ္တာရပ်ခံချက်နဲ့​ မစိုး​ရိမ်တိုက်ကို ​ပြောင်း​ရွှေ့​ပြီး​ အဲဒီ​ကျောင်း​တိုက်မှာ ဒီ​နေ့​ ​နေ့​လယ်ပိုင်း​မှာ ​နောက်ဆုံး​ တရား​ပွဲပြုလုပ်ခဲ့​တာပါ။ နဂိုက တရား​ပွဲ​တွေကို ရက်ဆက်တိုက်ပြုလုပ်သွား​ဖို့​ စီစဉ်ထား​ပေမယ့်​ အခု ​နောက်ဆုံး​ သီတင်း​သုံး​နေတဲ့​ ​ရေ​တော်တိုက် ပိဋက ပါလ​ကျောင်း​တိုက်မှာ​တော့​ သံဃာ့​နာယကဆရာ​တော်​တွေရဲ့​ ​မေတ္တာရပ်ခံချက်အရ တရား​ပွဲ​တွေ ဆက်လုပ်ဖို့​ ခွင့်​မပြု​တော့​ဘူး​လို့​ ​ကျောင်း​ထိုင်ဆရာ​တော်က အခုလို မိန့်​ကြား​ပါတယ်။ “မန္တ​လေး​တိုက်အုပ်က ငါနဲ့​လည်း​ ရင်း​နှီး​တယ်။ ရင်း​နှီး​တော့​ သူတို့​ ဆန္ဒပြတဲ့​ ကိုယ်​တော်​တွေကို ​မေတ္တာရပ်ခံပြီး​တော့​ ဒီပစ္စည်း​တွေကို ငါ့​ကျောင်း​လာပို့​တာ ဒီကိုယ်​တော်​တွေက​တော့​ ငါနဲ့​ မသိဘူး​ပေါ့​ကွာ။ ငါတ​ယောက်တည်း​ ခွင့်​ပြုလို့​ မဖြစ်ဘူး​လေကွာ။ အဲဒီလို ​နောက်ထပ် ထပ်မလုပ်ပါနဲ့​လို့​ တိုင်း​သံဃာ့​နာယက ဥက္ကဋ္ဌဆရာ​တော်က ​မေတ္တာရပ်ခံထား​တယ်။” နိုင်ငံ​ရေး​အကျဉ်း​သား​ လွတ်​မြောက်​ရေး​၊​ ပြည်တွင်း​ငြိမ်း​ချမ်း​ရေး​နှင့်​ လွတ်လပ်စွာ ဆန္ဒထုတ်​ဖော်ခွင့်​ရ​ရေး​တောင်း​ဆိုတဲ့​ သံဃာ ၅ ပါး​ရဲ့​ တရား​ပွဲကို ဒီ​နေ့​မှာလည်း​ လူရာနဲ့​ချီပြီး​ လာ​ရောက်ခဲ့​တယ်လို့​ ပရိသတ်တ​ယောက်က ​ပြောပါတယ်။ မစိုး​ရိမ်တိုက်တွင် ငြိမ်း​ချမ်း​ရေး​တရား​ပွဲ ပြုလုပ်​နေသည့်​ သံဃာများ

A d v e r t i s e m e n t With Us

More News
Up