အပျိုစင်ဘဝကို ပေါင် ၈ သိန်းခွဲ ဈေးခေါ်ရောင်းနေသဖြင့် သမီးအဖြစ်မှ စွန့်လွှတ်မည်ဟု မိဘများပြော

မိဘနှစ်ပါးကို အိမ်ဝယ်ပေးဖို့ဆိုပြီး အပျိုစင်ဘ၀ကို ရောင်းချနေတဲ့ အသက် ၁၈ နှစ်အရွယ် အလက်ဇန္ဒရာကက်ဖ်ကို သမီးအဖြစ်ကနေ စွန့်လွှတ်မယ်လို့ မိဘနှစ်ပါးက ပြောကြားလိုက်ပါတယ်။ မိဘတွေကို ကူညီဖို့ သူမရဲ့အပျိုစင်ဘဝကို ပေါင် ၈၅၀,၀၀၀ နဲ့ အလက်ဇန္ဒရာက ရောင်းနေပေမယ့် သူမရဲ့မိဘတွေကတော့ သူတို့တွေ ငွေမလိုဘူးလို့ ပြောလိုက်ပြီး တကယ်လို့ သူမအစီအစဉ်အတိုင်း အပျိုစင်ဘဝကို ရောင်းချမယ်ဆိုရင် သမီးအဖြစ်က စွန့်လွှတ်မယ်လို့ မိဘနှစ်ပါးက ပြောတယ်လို့ ဒီဇင်ဘာ ၃ ရက်နေ့ မေရာသတင်းမှာ ဖော်ပြပါတယ်။ အလက်ဇန္ဒရာက  “တကယ်လို့ ကျမအသက်က ၁၅ နှစ်ဖြစ်နေရင်တောင် ကျမရဲ့အပျိုစင်ဘဝကို ဒီလိုမျိုး လုပ်ဖို့ ဖြစ်နိုင်မှာပါ။ ကျမအင်တာနက်မှာကြည့်တော့ အချို့ကောင်မလေးတွေ သူတို့ရဲ့ အပျိုစင်ဘဝကို ပေါင် ၃ သန်းခွဲ ဒါမှမဟုတ် ဒီထက်တောင် ပိုတောင်းပြီး ရောင်းနေကြတာ တွေ့တာပဲ။ မိန်းကလေးတော်တော်များများလည်း သူတို့ရဲ့ အပျိုစင်ဘဝ ဆုံးရှုံးနေတာပဲ၊ နှစ်တော်တော်ကြာလာရင်လည်း ဒါတွေက သူ့အလိုလို ပျက်စီးရင်လည်း ပျက်စီးနိုင်မယ်ဆိုတော့ ဒါက ဘာမှ အဖိုးမတန်ပါဘူး” လို့ ပြောပါတယ်။ အလက်ဇန္ဒရာက သူမရဲ့ အပျိုစင်ဘဝကို ရောင်းချချင်တယ်ဆိုတဲ့ အကြောင်းတွေထဲက တခုက နောက်နှစ်မှာ သူမတို့ ယခုနေတဲ့အိမ်က ဖယ်ပေးရမှာမို့လို့ မိဘတွေကို အိမ်ဝယ်ပေးချင်တာလို့ ဆိုပါတယ်။ သတင်းကြေညာသူတဦးဖြစ်တဲ့ ဖီလ်က ဒီသတင်းကို ထုတ်ပြန်ဖို့အတွက် သူမအနေနဲ့ ပြန်စဉ်းစားချင်သလားလို့ မေးမြန်းတဲ့အခါ သူမက “ကျမက ဒီကိစ္စကို စိတ်ခံစားပြီးလုပ်တာမဟုတ်ပါဘူး၊ ဒါကို စီးပွားရေးတခုအနေနဲ့ တင်းတင်းကျပ်ကျပ် လုပ်တာ” လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။ သူမရဲ့မိဘတွေကတော့ သူမ ဒီလိုဘာလို့လုပ်တယ်ဆိုတာကို နားမလည်နိုင်ကြောင်း ပြောပါတယ်။ သူမကတော့ သူမအသက် ၁၅ နှစ်လောက်မှာ Indecent Proposal ရုပ်ရှင်ကားကို ကြည့်ရင်း ဒီလိုစိတ်ကူးရတာလို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up