လေယာဉ်ပျက်ကျ သေဆုံးခဲ့သည့် ဘရာဇီးဘောလုံးသမားများအတွက် ဆုတောင်းပွဲကြီး ကျင်းပ

ပြီးခဲ့တဲ့တပတ်က ကိုလံဘီယာနိုင်ငံ လေယာဉ်ပျက်ကျမှုမှာ သေဆုံးခဲ့ကြတဲ့ ဘရာဇီးဘောလုံးသမားတွေအတွက် အောက်မေ့ဆုတောင်းပွဲကြီးကို သူတို့ရဲ့ ရှာပေကိုအင်စီ Chapecoense အသင်းဘောလုံးကွင်းမှာ စနေနေ့က ကျင်းပခဲ့ကြပါတယ်။ ဒီဆုတောင်းပွဲကြီးကို ဘရာဇီးသမ္မတ တယ်မာ (Temer) နဲ့ ကမ္ဘာ့ဘာလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ အင်ဖန်တီနို Gianni Infantino တို့ တက်ရောက်ခဲ့ကြပါတယ်။ လေယာဉ်ပျက်ကျမှုမှာ ဘောလုံးသမားတွေအပါအ၀င် လူ ၇၁ ဦးသေဆုံးခဲ့ပြီး ၆ ယောက် အသက်ရှင်လွတ်မြောက်ပါတယ်။ လေယာဉ်ပျက်ကျရမှု အကြောင်းရင်းအတိ အကျကို တရားဝင်ထုတ်ပြန်မှုမရှိသေးပေမယ့် လေယာဉ်မှူးအသံဖမ်းစက် အချက်အလက်တွေအရတော့ လေယာဉ်မပျက်ကျခင် လေယာဉ်ဆီပြတ်လပ်ခဲ့ပါတယ်။ ဆုတောင်းပွဲကျင်းပချိန်မှာ မိုးရွာသွန်းနေပြီး ရှာပေကိုမြို့ဝန်က ဘုရားသခင်ရဲ့ မျက်ရည်မိုးတွေလို့ သူ့ရဲ့ဝမ်းနည်းစကားအဖွင့်မှာပြောဆိုခဲ့ပါတယ်။ သေဆုံးသူ ၇၁ ဦးထဲမှာ ရှာပေကိုအင်စီကလပ် ဘောလုံးသမား ၁၉ ဦးပါဝင်ပြီး ကျန်တဲ့သူတွေကတော့ အသင်းထောက်ကူရေးအဖွဲ့တွေနဲ့ အားကစားသတင်းထောက်တွေ ဖြစ်ကြပါတယ်။ ရှာပေကိုအင်စီကလပ်အသင်းဟာ ၂၀၁၄ ခုနှစ်ကမှ ဘရာဇီးပထမတန်းကို တက်လာပြီး တောင်အမေရိကန်တိုက်ရဲ့ ဒုတိယအဆင့်အမြင့်ဆုံးကလပ်ပြိုင်ပွဲ၊ ဖိုင်နယ်ပွဲကစားဖို့ ကိုလံဘီယာနိုင်ငံ၊ မဒယ်လင်မြို့တော်ကို သွားရောက်ရင်း လေယာဉ်ပျက်ကျခဲ့တာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up