Home
မြန်မာသတင်း
ကော့သောင်းတွင် စိတ်ကြွဆေးပြား ၁၀ သိန်းကျော်ဖိုး ဖမ်းမိ
DVB
·
December 4, 2016
ကော့သောင်းမှာ မူးယစ်တပ်ဖွဲ့စု ၃၄ က ဒီဇင်ဘာ ၁ ရက်နေ့ညနေ ၅ နာရီလောက် ကာလတန်ဖိုး ၁၀ သိန်းကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားတွေ ဖမ်းဆီးရမိခဲ့ပါတယ်။ ကော့သောင်းမူးယစ်တပ်ဖွဲ့မှ ဒုရဲမှူးမြင့်ထွန်းဦးစီးအဖွဲ့က သက်သေတွေနဲ့အတူ အောင်သုခရပ်ကွက် ဗိုလ်ချုပ်လမ်းပညာ ရွှေပြည်ဘော်ဒါဆောင်အနီး အသားကင်ဆိုင်မှာ ထိုင်နေသူ နိုင်သိန်းလွင်(ခ) ကိုငယ်ကို သတင်းအရ ရှာဖွေရာမှာ ဖမ်းဆီးမိခဲ့တာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ၀င်ရောက်ရှာဖွေရာမှာ ကိုငယ်က အထုပ်ငယ်တထုပ်ကို အနီးရှိမြက်တောထဲကို လွှင့်ပစ်လိုက်တာကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။ ကိုငယ်အား ရှာဖွေရာ ယာဖက်ခြေတောက်အနီး ပလတ်စတစ်စနဲ့ ထုတ်ထားတဲ့ WY စာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၂ ပြားကိုတွေ့ရှိရပြီး မြက်တောထဲကို ဆက်လက်ရှာဖွေရာ အပြာရောင်ကပ်ခွာအိပ်နဲ့ ထည့်ထားတဲ့ WY စာတမ်းပါဆေးပြား ၁၉၉ ပြား၊ အစိမ်းရောင် ၂ ပြား စုစုပေါင်း ၂၀၂ ပြား၊ ကာလတန်ဖိုး ၁၀၁၀၀၀၀ ကျပ်ဖိုးလောက် ဖမ်းဆီးရမိခဲ့ပါတယ်။ ဆက်လက်စစ်ဆေးရာ အဆိုပါဆေးပြားတွေကို ရွှေဟင်္သာရပ်ကွက် ရွာမလမ်းအမှတ် (မ/၁၂၇)နေဒေါ်သန်းဌေးထံမှ သုံးစွဲဖို့နဲ့ ရောင်းချဖို့ ၀ယ်ယူခဲ့ကြောင်း သိရှိရလို့ ဒေါ်သန်းဌေးရဲ့ နေအိမ်ကို သွားရောက်ရှာဖွေရာ မူးယစ်ဆေးဝါးတစုံတရာ မတွေ့ရှိရဘူးလို့ ဆိုပါတယ်။ ဆေးပြားတွေနဲ့အတူတွေ့ရှိရတဲ့ နိုင်သိန်းလွင်နဲ့ ဒေါ်သန်းဌေး ၄၂ နှစ်တို့ကို ကော့သောင်းမြို့မရဲတပ်ဖွဲ့စခန်းမှ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ အရ တရားစွဲဆိုနိုင်ဖို့ ဆောင်ရွက်နေကြောင်း သိရပါတယ်။ လတ်ကိုကိုဦး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024