Home
မေးမြန်းခန်း
အာဆီယံဥက္ကဋ္ဌဖြစ်ရင် မြန်မာနိုင်ငံနဲ့​ ပြည်သူ​တွေအတွက် ဘာ​တွေအကျိုး​ရှိမလဲ (​ဒေါ်ခင်ဥမ္မာနှင့်​မေး​မြန်း​ချက်)
ပီတာအောင်
·
November 16, 2011
၂၀၁၄ မှာ မြန်မာကို အာဆီယံဥက္ကဋ္ဌ တာဝန်​ပေး​ဖို့​ အာဆီယံနိုင်ငံခြား​ရေး​ဝန်ကြီး​တွေက သ​ဘောတူထား​ပေမယ့်​ တရား​ဝင် ဆုံး​ဖြတ်ချက်ကို​တော့​ ထွက်မလာ​သေး​ပါဘူး​။ [caption id="attachment_17863" align="alignright" width="300" caption="ဒေါ်ခင်ဥမ္မာ"][/caption] ဒီအ​ခြေအ​နေမှာ မြန်မာအာဆီယံဥက္ကဋ္ဌဖြစ်ခြင်း​ဟာ မြန်မာနိုင်ငံနဲ့​ပြည်သူ​တွေအတွက် ဘာ​တွေ အကျိုး​ရှိမလဲဆိုတာနဲ့​ပတ်သက်လို့​အင်ဒိုနီး​ရှား​မှာ ကျင်း​ပမယ့်​ အာဆီယံ လူထုအ​ခြေပြု အဖွဲ့​တွေရဲ့​အစည်း​အ​ဝေး​ပွဲကို တက်​ရောက်မယ့်​ Burma Partnership ​ခေါ် မြန်မာ့​အ​ရေး​ပူး​ပေါင်း​ဆောင်ရွက်သူများ​အဖွဲ့​ တာဝန်ခံ ​ဒေါ်ခင်ဥမ္မာကို ဆက်သွယ်​မေး​မြန်း​ထား​ပါတယ်။   မြန်မာနိုင်ငံ အာဆီယံဥက္ကဋ္ဌ တာဝန်ယူခြင်း​မယူခြင်း​ ကိစ္စက မြန်မာနိုင်ငံ ဒီမိုက​ရေစီအ​ပြောင်း​အလဲအတွက် ဘာ​တွေများ​ထူး​ခြား​ သက်​ရောက်မှု ရှိမယ်လို့​ ထင်ပါသလဲ။ “အာဆီယံက တကယ်လို့​သာ ဥက္ကဋ္ဌ​ပေး​ဖို့​ ဆုံး​ဖြတ်ချက်ကို အ​ဆောတလျင်သာ ချလိုက်မယ်ဆိုလို့​ရှိရင် ကျမတို့​နိုင်ငံ ဒီမိုက​ရေစီ အ​ပြောင်း​အလဲ ဖြစ်ဖို့​အတွက် သွား​မယ့်​နှုန်း​က စိတ်ပူစရာ ဖြစ်ပါတယ်။ ကျမမြင်တာက​တော့​ တကယ်တမ်း​ အာဆီယံဟာ အခုလိုမျိုး​ ဆုံး​ဖြတ်ချက်ကို မချ​သေး​ဘဲနဲ့​ ထပ်ပြီး​တော့​မှ ​စောင့်​ကြည့်​ဖို့​ လို​သေး​တယ်လို့​ မြင်တယ်။ အထူး​သဖြင့်​တော့​ ဦး​သိန်း​စိန်အစိုး​ရဟာ တကယ်တမ်း​ ဘယ်​လောက်အထိ ​ပေး​နေတဲ့​ ကတိ​တွေကို ဘယ်​လောက် အမှန်တကယ် လက်​တွေ့​ အ​ကောင်အထည်​ဖော်နိုင်သလဲဆိုတဲ့​ ဥစ္စာက အချိန်က အရမ်း​ကို ​စောလွန်း​နေတယ်။ “အခုကာလဟာ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့​ အ​ပြောင်း​အလဲဖြစ်ဖို့​အတွက် အ​ခြေခံလိုအပ်ချက်မှာ အထူး​သဖြင့်​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေ လွတ်​မြောက်​ရေး​နဲ့​၊​ ပြည်တွင်း​စစ်ရပ်စဲ​ရေး​၊​ ​တွေ့​ဆုံ​ဆွေး​နွေး​ရေး​ ဆိုတဲ့​ဥစ္စာက လက်​တွေ့​အ​ခြေအ​နေမှာ မဖြစ်​နေ​သေး​တဲ့​ အ​နေအထား​မျိုး​ ဖြစ်​တော့​ အာဆီယံအ​နေနဲ့​ တကယ်လို့​သာ အ​ဆောတလျင်သာ ဆုံး​ဖြတ်လိုက်မယ်ဆိုရင် မြန်မာနိုင်ငံမှာ ဦး​သိန်း​စိန်အစိုး​ရဆီမှာက တကယ်တမ်း​ စစ်​ခေါင်း​ဆောင်​တွေကသာလျှင် နိုင်ငံရဲ့​ အာဏာကို ချုပ်ကိုင်ထား​နေ​သေး​တယ်ဆိုတာကို ကျမတို့​ ​တွေ့​နေရတယ်​လေ။ ဒါ​ကြောင့်​မို့​လို့​ မြန်မာနိုင်ငံမှာ ဒီမိုက​ရေစီအ​ပြောင်း​အလဲဖြစ်ဖို့​အတွက်ကို လိုအပ်တဲ့​ အ​ပြောင်း​အလဲ​တွေကို မဖြစ်ခင်မှာ သူတို့​ပေး​လိုက်လို့​ရှိရင် အာဆီယံက ကျန်ခဲ့​တဲ့​ ၁၄ နှစ်တုန်း​က မြန်မာနိုင်ငံ အဖွဲ့​ဝင်အဖြစ် ဝင်ခွင့်​ပြုလိုက်တုန်း​ကလိုပဲ အမှား​ကြီး​တခုကို ကျူး​လွန်တဲ့​ဟာမျိုး​ ​ရောက်သွား​နိုင်တယ်လို့​။” နောက်​ကြောင်း​ပြန်ကြည့်​မယ်ဆိုရင် ၂၀၀၆ တုန်း​ကဆိုရင် မြန်မာနိုင်ငံမှာ လူ့​အခွင့်​အ​ရေး​ချိုး​ဖောက်မှု​တွေရှိ​နေတယ်။ ​ဒေါ်​အောင်ဆန်း​စုကြည်လည်း​ လွတ်မလာ​သေး​ဘူး​ပေါ့​။ ဒီမိုက​ရေစီ​ရေး​ ပြုပြင်​ပြောင်း​လဲမှု​တွေလည်း​ မ​တွေ့​သေး​တဲ့​အ​ပေါ်မှာ အဲဒီတုန်း​က လာအိုနိုင်ငံမှာ ၂၀၀၅ ခုနှစ်တုန်း​က ဆုံး​ဖြတ်ခဲ့​တာ​ပေါ့​နော်။ ၂၀၀၆ မှာ အာဆီယံဥက္ကဋ္ဌမယူဖို့​၊​ ဆိုင်း​ငံ့​ထား​ဖို့​ ဆိုပြီး​တော့​ ဆုံး​ဖြတ်ခဲ့​တာ။ အခုအချိန်မှာကျ​တော့​ အဲဒီတုန်း​က လိုအပ်ချက်​တွေက ပြည့်​မီလို့​ အာဆီယံ ​ခေါင်း​ဆောင်​တွေအ​နေနဲ့​ ဒီလို တာဝန်​ပေး​လိုက်တာလို့​ ထင်လား​။ ဘာ​ကြောင့်​ မြန်မာကို ဥက္ကဋ္ဌတာဝန် ​ပေး​ဖို့​ ဆုံး​ဖြတ်ဖို့​ ဖြစ်လာတယ်လို့​ ထင်လဲ။ “ကျမမြင်တာက​တော့​ အရင်တ​ခေါက်တုန်း​က မ​ပေး​နိုင်တဲ့​အ​နေအထား​မျိုး​မှာ မပြည့်​စုံ​သေး​တဲ့​ အချက်​တွေက အခုပြည့်​စုံသွား​လို့​ ​ပေး​ဖို့​စဉ်း​စား​တယ်ဆိုတာမျိုး​ လို့​တော့​ ကျမထင်ဘူး​။ အရင်တုန်း​က အ​ခြေအ​နေဲ့​ အခုအ​ခြေအ​နေမှာ အ​ပေါ်ယံကြည့်​ရင် အမြင်မှာ ​ပြောင်း​လဲတဲ့​ဟာ​တွေ​တော့​ ရှိတာ​ပေါ့​။ ဥပမာ နိုင်ငံရဲ့​ နံပါတ်တစ်​ခေါင်း​ဆောင် ဗိုလ်ချုပ်သန်း​ရွှေ ရှိတဲ့​အ​ခြေအ​နေမျိုး​က​နေ အခုက​တော့​ စစ်ဗိုလ်ချုပ်မဟုတ်​တော့​ဘဲနဲ့​ အရပ်သား​ ဖြစ်သွား​တယ် ဆိုတဲ့​ဥစ္စာမျိုး​နဲ့​ ဗိုလ်ချုပ်သိန်း​စိန်က အရပ်သား​ ဝတ်စုံ​ပြောင်း​လိုက်တဲ့​ကိစ္စလို၊​ တစုံတရာ သတင်း​မီဒီယာကို လွတ်လပ်ခွင့်​ ​ပေး​လာတဲ့​ဟာမျိုး​တို့​ စသည်ဖြင့်​ ဒီလိုကိစ္စမျိုး​တွေကို ကြည့်​လိုက်ပြီး​တော့​ သူတို့​က အရင်တ​ခေါက်က ထက်စာရင်​တော့​ နည်း​နည်း​တော့​ သာပါတယ် ဆိုတာမျိုး​တော့​ တွက်နိုင်တာ​ပေါ့​။ သို့​သော်လည်း​ပဲ နိုင်ငံတခုမှာ အ​ခြေခံအကျဆုံး​ တည်ငြိမ်မှု ရှိခြင်း​မရှိခြင်း​၊​ ငြိမ်း​ချမ်း​မှု ရှိခြင်း​ မရှိခြင်း​၊​ တိုင်း​ပြည်ရဲ့​ နိုင်ငံ​ရေး​အ​ခြေအ​နေ တည်ငြိမ်မှု ဘယ်​လောက်ရှိလဲ ဆိုတဲ့​ဟာကို ကြည့်​ရင်​တော့​ ကျမ မြင်တာက ၂၀၀၆ နဲ့​ အခုကြား​ထဲမှာ ဘာမှ သိသိသာသာ ထူး​ထူး​ခြား​ခြား​ ကွာဟချက်ကို မ​တွေ့​ရဘူး​ ဖြစ်တယ်​လေ။” မြန်မာနိုင်ငံက အာဆီယံဥက္ကဋ္ဌ တာဝန်ယူလိုက်ရလို့​ မြန်မာနိုင်ငံနဲ့​ မြန်မာပြည်သူ​တွေအတွက် ဘာများ​ အကျိုး​ရှိမယ်လို့​ ထင်ပါသလဲ။ ဆိုလိုတာက ​ကောင်း​ကွက်​လေး​ တခုခု​လောက် ရှိမယ်လို့​ မထင်ဘူး​လား​ခင်ဗျ။ “ကျမမြင်တာက​တော့​ တကယ်တမ်း​ ၂၀၁၄ မှာ ဒီ ဥက္ကဋ္ဌရသွား​ပြီဆိုရင်လည်း​ ကျမတို့​ ပြည်သူ​တွေအ​နေနဲ့​က အာဆီယံဥက္ကဋ္ဌဖြစ်ရခြင်း​ရဲ့​ အထူး​အခွင့်​အ​ရေး​ ဘယ်သူက ခံစား​ရမလဲ ဆိုရင်​တော့​ အုပ်ချုပ်သူ လူတန်း​စား​လို့​ပဲ ကျမ မြင်ပါတယ်။ တကယ်တမ်း​က ကျမတို့​ ပြည်သူ​တွေရဲ့​ အကျိုး​ခံစား​ခွင့်​ ဆိုတာက အုပ်ချုပ်သူက ပြည်သူရဲ့​ အကျိုး​အတွက်ကို လုပ်​ပေး​မှပဲ အဲဒီအကျိုး​ကရမှာကိုး​။ ဆို​တော့​ အာဆီယံဥက္ကဋ္ဌ ဖြစ်လိုက်ခြင်း​အတွက်​ကြောင့်​မို့​လို့​ တကယ်တမ်း​ ရမယ့်​အကျိုး​ကို ကြည့်​လိုက်မယ်ဆိုရင် နိုင်ငံတကာက​နေပြီး​တော့​မှ အစိုး​ရ​တွေ လာကြမယ်၊​ ​နေပြည်​တော်မှာ အစည်း​အ​ဝေး​တွေ လုပ်ကြမယ်ဆို ဒါ​တွေက​တော့​ အစိုး​ရချင်း​ ဆက်ဆံ​ရေး​ ဆိုတာက​တော့​ ဖြစ်မှာ​ပေါ့​။ အဲဒီ​နေရာမှာ နိုင်ငံအတွက်​ရော တစုံတရာ ဂုဏ်မရှိဘူး​လား​လို့​ ဆို​တော့​ ကိုယ့်​နိုင်ငံက တကယ်တမ်း​ ​ဒေသရဲ့​ ဥက္ကဋ္ဌ​ခေါင်း​ဆောင်​နေရာမျိုး​ကို ယူခွင့်​ရတယ် ဆိုလို့​ရှိရင် ဒါ ကိုယ့်​နိုင်ငံ ပြည်သူပြည်သား​တွေအတွက် ဂုဏ်ယူစရာ တခုလို့​တော့​ ကျမတို့​ မြင်ကြည့်​လို့​ ရတာ​ပေါ့​။ ဒါ​ပေမယ့်​ အဲဒီလိုမျိုး​ ဂုဏ်ယူနိုင်ဖို့​ ကိုယ့်​ပြည်သူပြည်သား​တွေက ဂုဏ်ယူနိုင်ဖို့​ ​ခေါင်း​ထောင်နိုင်ရဲ့​လား​၊​ ​ခေါင်း​မော့​နိုင်ရဲ့​လား​ ဆိုတာက​တော့​ ခုနက အုပ်ချုပ်သူက ပြည်သူကို ဘယ်လိုမျိုး​ ​ခေါင်း​မော့​နိုင်​အောင် လုပ်​ပေး​လဲ။ သူတို့​ရဲ့​ တကယ်တမ်း​တွေ့​နေတဲ့​ လက်ရှိပြဿနာ​တွေကို ဘယ်​လောက်အထိ ​ဖြေရှင်း​ပေး​သလဲဆိုတဲ့​ အ​ပေါ်မှာ မူတည်တယ်။” နောက်တခုက ​ဒေါ်​အောင်ဆန်း​စုကြည် မ​နေ့​က သတင်း​စာရှင်း​လင်း​ပွဲမှာ အာဆီယံဥက္ကဋ္ဌဖြစ်ဖို့​ အ​ရေး​ထက် မြန်မာပြည်သူ​တွေရဲ့​ ဘဝ​တွေ ဖွံ့​ဖြိုး​တိုး​တက်​ကောင်း​မွန်ဖို့​ အ​ရေး​ကြီး​တယ်ဆိုပြီး​ ​ပြောသွား​တာ​ပေါ့​။ ဒီမိုက​ရေစီအ​ရေး​လှုပ်ရှား​သူ​တွေ ဒီ အာဆီယံဥက္ကဋ္ဌမဖြစ်​ရေး​ ​တောင်း​ဆို​နေတဲ့​ သူ​တွေ အ​နေနဲ့​ရော ဘယ်အရာက ပိုပြီး​တော့​ အ​ရေး​ကြီး​တယ်လို့​ ထင်ပါသလဲ။ “ကျမ လူထု​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်စုကြည်​ပြောတာကို ​ထောက်ခံပါတယ်။ ကျမတို့​ ​ပြောပြ​နေတာ အဲဒါပါပဲ။ တကယ်တမ်း​ဆိုလို့​ရှိရင် ဒီကာလမှာ ဦး​သိန်း​စိန်အစိုး​ရအတွက် အ​ရေး​ကြီး​ဆုံး​က ဘာဖြစ်သင့်​လဲ။ ပြည်တွင်း​မှာ ရှိတဲ့​ ကိုယ့်​ပြည်သူ ပြည်သား​တွေရဲ့​ စား​ဝတ်​နေ​ရေး​ ဘဝ​တွေ ​ကောင်း​လာဖို့​အတွက်ကို ​ဖြေရှင်း​ဖို့​ အတွက်ကိုပဲ ကိုယ့်​နိုင်ငံထဲမှာ ရှိ​နေတဲ့​ ပြဿနာ​တွေကို ​ဖြေရှင်း​ပြီး​တော့​မှ အမျိုး​သား​ပြန်လည်ရင်ကြား​စေ့​ရေး​၊​ တိုင်း​ပြည်နိုင်ငံ​ရေး​ တည်ငြိမ်မှုရ​ရေး​၊​ ငြိမ်း​ချမ်း​ရေး​ ဒါ​တွေအတွက်ပဲ ကြိုး​စား​ပြီး​ လုပ်ရမှာ။ ဒါမှ ၂၀၁၄ မှာ အတင်း​ကြီး​ ရ​အောင်လို့​ လိုက်ပြီး​တောင်း​နေစရာ မရှိတာ။ ဒါ​ကြောင့်​မို့​လို့​ ကျမတို့​ကလည်း​ အာဆီယံကို မ​ပေး​နဲ့​လို့​ ကျမတို့​ မ​ပြောဘူး​။ ဒါ​ပေမယ့်​ ​ပေး​ခြင်း​ မ​ပေး​ခြင်း​ ဘယ်ဆုံး​ဖြတ်ချက်ကိုပဲ ဖြစ်ဖြစ် ​လော​လောဆယ် မလုပ်ပါနဲ့​ဦး​လို့​ ကျမတို့​ ​ပြောတာ။” နောက်ဆုံး​အ​နေနဲ့​ မြန်မာနိုင်ငံက လူထုအ​ခြေပြုအဖွဲ့​အစည်း​တွေရဲ့​ အခန်း​ကဏ္ဍ​ရော လာမယ့်​ အာဆီယံထိပ်သီး​အစည်း​အ​ဝေး​ပွဲမှာ ဘယ်​လောက်အထိ ထင်ဟပ်မှု ရှိမလဲ​ပေါ့​နော်။ သူတို့​ ဘယ်​လောက်အထိ ပါဝင်ခွင့်​ ရှိမလဲ။ “အာဆီယံရဲ့​ ပြဿနာတခုက အာဆီယံထိပ်သီး​အစည်း​အ​ဝေး​ပဲဖြစ်ဖြစ် တခြား​ အစည်း​အ​ဝေး​တွေမှာပဲ ဖြစ်ဖြစ် ရှင်း​ရှင်း​ပြောရရင် သူတို့​က အစိုး​ရ အစိုး​ရချင်း​ ဆက်သွယ်ပြီး​တော့​ပဲ လုပ်ကြတာ ကျမတို့​ ​တွေ့​ရတယ်​လေ။ အစိုး​ရ​ခေါင်း​ဆောင်​တွေပဲ ​တွေ့​ကြတယ်။ သူတို့​ အလွန်ဆုံး​ ခွင့်​ပေး​လို့​ရှိရင် အစိုး​ရ မျက်နှာသာ​ပေး​တဲ့​၊​ အစိုး​ရ ​ထောက်ခံတဲ့​ NGO အဖွဲ့​အစည်း​တွေပဲ အစည်း​အ​ဝေး​တွေထဲမှာ ပါဝင်ခွင့်​၊​ ပူး​ပေါင်း​ခွင့်​ ဒါမျိုး​တွေ ​ပေး​တာကိုး​။ တကယ် လူထုကို အ​ခြေပြုပြီး​တော့​မှ လွတ်လပ်တဲ့​ အစိုး​ရ​တွေရဲ့​ လုပ်ဟန်လုပ်နည်း​တွေ အ​ပေါ်မှာ မကြိုက်ရင် မကြိုက်တဲ့​အတိုင်း​ လွတ်လွတ်လပ်လပ် ​ပြောပိုင်ခွင့်​ရှိတဲ့​ ​ပြောနိုင်တဲ့​ လူထုအ​ခြေပြု အင်အား​စု​တွေကျ​တော့​ ထိပ်သီး​အစည်း​အ​ဝေး​မှာပဲ ဖြစ်ဖြစ်၊​ တခြား​အစိုး​ရ​တွေ လုပ်တဲ့​ သက်ဆိုင်ရာအစည်း​အ​ဝေး​တွေမှာပဲ ဖြစ်ဖြစ် သူတို့​ ​ပေး​ပါတာမျိုး​ မရှိပါဘူး​။ ဒါဟာ ကျမတို့​ အာဆီယံ လူထုအ​ခြေပြု အင်အား​စု တခုလုံး​က ကြုံ​နေရတဲ့​ စိန်​ခေါ်မှုအကြီး​ကြီး​ တခုဖြစ်ပါတယ်။ ဆို​တော့​ အခုလာမယ့်​ ထိပ်သီး​ညီလာခံ အစည်အ​ဝေး​မှာလည်း​ လူထုအ​ခြေပြု အဖွဲ့​အစည်း​အ​တွေအတွက် ​နေရာဆိုတာ တကယ်တမ်း​ သူတို့​ မရှိပါဘူး​။ ကျမတို့​ အခု​တောက်​လျှောက် ၄၊​ ၅၊​ ၆နှစ် ကြိုး​စား​ကြတယ် ဆိုတာက လူထုအ​ခြေပြု အဖွဲ့​အစည်း​တွေ ဘက်က​နေပြီး​တော့​သာ ကြိုး​စား​ပြီး​တော့​မှ ကိုယ့်​ရဲ့​ ရပိုင်ခွင့်​ရှိတဲ့​ ​နေရာ။ ကိုယ်ရဲ့​ ရပိုင်ခွင့်​ရှိတဲ့​ ​နေရာနဲ့​ မြှင့်​တင်နိုင်တဲ့​ ​နေရာကို ကိုယ် ကြိုး​စား​ပြီး​တော့​မှ ယူ​နေကြရတဲ့​ အ​ခြေအ​နေမျိုး​ပဲ ဖြစ်တယ်။ အစိုး​ရ​တွေဘက်က လမ်း​ဖွင့်​ပေး​တယ်ဆိုတာက​တော့​ အာဆီယံမှာ ကျမ မ​တွေ့​ဘူး​ရှင့်​။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024