ဒေါ်အောင်ဆန်းစုကြည် စင်ကာပူခရီးစဉ်ပြီးဆုံး၊ ရန်ကုန်ကို ပြန်လည်ရောက်ရှိ (ဓာတ်ပုံ)
DVB
·
December 2, 2016
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ စင်ကာပူနိုင်ငံချစ်ကြည်ရေး ခရီးစဉ်ကို အဆုံးသတ်ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဒီကနေ့ မွန်းလွဲပိုင်း ၃ နာရီခွဲလောက်က ပြန်လည်ရောက်ရှိလာတယ်လို့ နိုင်ငံခြားရေးဌာနက သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ စင်ကာပူနိုင်ငံဝန်ကြီးချုပ် လီရှန်လွန်းရဲ့ ဖိတ်ကြားချက်အရ စင်ကာပူနိုင်ငံကို နိုဝင်ဘာ ၃၀ ရက်ကနေ ဒီဇင်ဘာ ၂ရက်ထိ ၃ ရက်ကြာ တရားဝင် ချစ်ကြည်ရေးခရီးသွားရောက်ခဲ့တာဖြစ်ပါတယ်။