Home
ရုပျသံ
လက်ဖက်ရည်တခွက် လျော့သောက်ခိုင်းခြင်းမဟုတ်ဟု ဒေါက်တာအောင်သူ ရှင်းလင်း (ရုပ်သံ)
နေဖြိုးဝင်း
·
December 2, 2016
နိုင်ငံတော်ကရတဲ့ ဘတ်ဂျတ်ဟာ လုံလောက်မှုမရှိတဲ့အတွက် ဘတ်ဂျတ်မချပေးနိုင်တဲ့ နေရာတွေကို ကူညီနိုင်ဖို့ နေ့စဉ်လက်ဖက်ရည်တခွက် လျှော့သောက်ဖို့ ပြောကြားချက်နဲ့ ပတ်သက်ပြီး ဒေါက်တာ အောင်သူက ပြန်လည်ရှင်းလင်း ပြောကြားခဲ့ပါတယ်။ ဒီဇင်ဘာ ၂ ရက်နေ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနဲ့ပတ်သက်တဲ့ မေးခွန်းတွေဖြေကြားအပြီးမှာ မျှဝေခြင်းအစီအစဉ် အကြောင်းကို ရှင်းလင်းပြောကြားတာဖြစ်ပါတယ်။ မနေ့က ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ အသေးစိတ်မပြောခဲ့ရတဲ့အတွက် အမျိုးသားလွှတ်တော်မှာ အခုလို အသေးစိတ်ရှင်းလင်းတာလို့ ဆိုပါတယ်။ မနေ့က ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ နိုင်ငံတော်ကရတဲ့ ဘတ်ဂျတ် မလုံလောက်တဲ့အတွက် ဘတ်ဂျတ် ချမပေးနိုင်တဲ့ နေရာတွေကိုကူညီနိုင်ဖို့ နေ့တိုင်း လက်ဖက်ရည်တစ်ခွက်လျှော့သောက်ဖို့ ဒေါက်တာအောင်သူက ပြောဆိုခဲ့တာနဲ့ပတ်သက်ပြီး အခုလို ပြန်လည်ရှင်းလင်းပြောကြားခဲ့ပါတယ်။ "အခုပြောတဲ့ ၃၀၀ ဆိုတာ လက်ဖက်ရည်ဖိုးလောက်ထည့်တာကိုပြောတာ၊ လက်ဖက်ရည် လျော့သောက်ပါလို့ ပြောတာမဟုတ်ဘူး။ ရေးချင်တဲ့သူက အကုန်မျိုးစုံရေးတာ။ မြင်တဲ့အမြင်က အကောင်းမြင်နဲ့ အဆိုးမြင်ဆိုတဲ့ နှစ်မျိုးရှိတယ်။ ဒါကို misunderstanding (နားလည်မှုလွဲ) ဖြစ်တာ တပုံကြီးတွေ့ရပါတယ်။ ဘာတွေတွေ့ရလည်း၊၊ မင်းတို့ တွေကဟာ တနေ့ကို လက်ဖက်ရည်တခွက် လျော့သောက်ပါ။ အရင်က ထမင်းတစ်နပ်လျော့စားပါလို့ လယ်သမားကို ခိုင်းသလို ထင်နေကြတာ။ မဟုတ်ပါဘူး။ အဲဒီ အိုင်ဒီယာနဲ့ မဟုတ်ပါဘူး။ မင်းတို့ စေတနာရှိတဲ့ လူတွေ စေတနာရှိသလောက် လှူကြပါ။ တို့ကနောက်ပိုင်းကျရင် ပိုပြီး system ကျတဲ့ plan တွေ ရေးဆွဲဖို့ရှိပါတယ်။ ဒီအစီအစဉ်ကို စခဲ့တာ တပတ်ကစပြီး ကိုယ့်ဝန်ကြီးဌာနကိုလည်း ဒီစာတွေ ဖြန့်ပြီးပါပြီ။ ၀န်ကြီးဌာန အကြီးအကဲတွေ အကုန်လုံးကို ပြောပြီးပါပြီ။ ဒီဟာနဲ့ လုပ်ပြီး ၀န်ကြီးဌာန ဘယ်လောက်ရတယ်ဆိုတဲ့ တပြိုင်နက်တည်း အခု မောင်ရင်တို့ ပြင်ချင်တဲ့နေရာလေးတွေ၊ စိုက်ပျိုး မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက လှူဒါန်းသည်ဆိုပြီးတော့ သွားလှူမှာပါ။ လှူလည်းလှူမယ်၊ လုပ်လည်း လုပ်ပေးမယ်။ တို့ဆိုရင် အများကြီးထည့်နိုင်မှာပေါ့ကွာ၊ လစာများတဲ့အတွက်။ ၃၀၀ ဆိုတာက အောက်ခြေလူတန်းစားတောင်မှ မပင်မပန်း ထည့်နိုင်တဲ့ လက်ဖက်ရည်ဖိုးလောက် ထည့်ခြင်းလို့ ဆရာက ဆိုလိုခြင်းဖြစ်ပါတယ်။ မင်းတို့ကို နေ့စဉ် လက်ဖက်ရည်ဖိုးကို လျှော့သောက်ပါဆိုတဲ့ ဆိုလိုတဲ့ အဓိပ္ပာယ်မဟုတ်ဘူး။ ပိုက်ဆံကောက်တာမဟုတ်ဘူး။ ကြေညာ ပေးတာ။ အလှူဒါနပေးခိုင်းတာ။ မျှဝေတဲ့ ပုံးလေးထောင်ထားပြီးတော့ ဒီစာလေးကို ဖြည့်ပြီးတော့ ဒီလိုရည်ရွယ်ချက်နဲ့ လုပ်ဆောင်ပါ့မယ်။ ဒါကြောင့်မို့ စေတနာ သဒ္ဓါတရားရှိသရွေ့ လှူနိုင် သလောက်ထည့်ကြပါလို့ ပြောတာ။ လစဉ်ကောက်မယ့် အစီအစဉ်မဟုတ်ပါဘူး။ "
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024