DVB Logo
Home
မြန်မာသတင်း
အိန္ဒိယနိုင်ငံ​ရောက် ချင်း​ဒုက္ခသည်များ​ ရိုက်နှက်ခံရ
DVB
·
November 15, 2011
Donate to DVB

အိန္ဒိယနိုင်ငံ နယူး​ဒေလီမြို့​မှာ ​နေထိုင်တဲ့​ မြန်မာနိုင်ငံက ချင်း​ဒုက္ခသည်တချို့​ကို ​ဒေသခံ အိန္ဒိယနိုင်ငံသား​တွေက ကိုယ်ထိလက်​ရောက် ရိုက်နှက် ထိုး​ကြိတ်မှု​တွေ ရှိ​နေတယ်လို့​ ချင်း​ဒုက္ခသည်​တွေက ​ပြောပါတယ်။

နိုဝင်ဘာ ၈ ရက်​နေ့​ ညက နယူး​ဒေလီမြို့​ အ​နောက်ဘက် ဒီကတ်စီရင်း​ ရပ်ကွက်ထဲမှာ အစည်း​အ​ဝေး​တခုကပြန်လာတဲ့​ ချင်း​အမျိုး​သား​တဦး​ကို အိန္ဒိယ ​ဒေသခံတ​ယောက်က ပါး​ရိုက်ပြီး​ ​ခြေ​ထောက်နဲ့​ ကန်တာ​တွေပြုလုပ်ခဲ့​တာပါ။

နိုဝင်ဘာ ၃ ရက်​နေ့​ညကလည်း​ အဲဒီရပ်ကွက်မှာ ​နေထိုင်တဲ့​ ချင်း​ဒုက္ခသည် အမျိုး​သမီး​ ၃ ဦး​နဲ့​ အမျိုး​သား​ ၁ ဦး​ကို အိမ်နီး​ချင်း​ အိန္ဒိယလူငယ် ၃ ဦး​က ရိုက်နှက် ထိုး​ကြိတ်ခဲ့​တယ်လို့​ ရိုက်နှက်ခံရသူ​တွေက ​ပြောပါတယ်။

ရိုက်နှက်ခံခဲ့​ရတဲ့​ မနန်း​နန်း​က“သူငယ်ချင်း​တ​ယောက်ကို ဖုန်း​ခေါ်ပြီး​လာ​ခေါ်ဖို့​ ​စောင့်​နေတဲ့​အခါမှာ အသက် ၂၅ အရွယ်​လောက် ကုလား​တ​ယောက်က ​ရောက်လာ ပြီး​တော့​ ဘာမ​ပြောညာမ​ပြောနဲ့​ ​ကောင်​လေး​ကို ရိုက်တာ​လေ။ ရပ်ပါလို့​ပြောတာ မရပ်ဘဲ ကျမတို့​ဘက်ကိုလှည့်​ပြီး​ ထိုး​တော့​တာပဲ။ အင်္ကျီ​တွေလည်း​ဆွဲ၊​ အကြီး​အကျယ်ရိုက်ကြတယ်​လေ။”

ရိုက်နှက်မှုနဲ့​ ပတ်သက်ပြီး​ ဒုက္ခသည်​တွေက ရဲကိုတိုင်ကြား​တဲ့​ခါမှာ အိန္ဒိယလူငယ်တဦး​ကို ရဲကဖမ်း​ဆီး​ခဲ့​ပေမယ့်​ ထိထိ​ရောက်​ရောက် အ​ရေး​မယူဘဲ ညတွင်း​ချင်း​ ပြန်လွှတ်​ပေး​ခဲ့​တယ်လို့​သိရပါတယ်။

ဒီဖြစ်ရပ်ဖြစ်ပွား​အပြီး​ ချင်း​ဒုက္ခသည်​တွေကို အိန္ဒိယနိုင်ငံသား​တွေက လမ်း​ကြို လမ်း​ကြား​က​နေ အုပ်စုလိုက် ရန်စတာ၊​ ဆဲဆိုတာ​တွေ လုပ်​နေပြီး​ ရပ်ကွက်ထဲမှာ​ပေး​မ​နေဖို့​။ အိမ်မငှား​ဖို့​ ခြိမ်း​ခြောက် ​ပြောဆို​နေတယ်လို့​ ဆိုပါတယ်။

ပြီး​ခဲ့​တဲ့​လကလည်း​ ချင်း​လူငယ် ၃ဦး​ကို ​ဒေသခံအိန္ဒိယအမျိုး​သား​တွေက အရက်မူး​တယ်လို့​ စွပ်စွဲပြီး​ အုပ်စုဖွဲ့​ ဝိုင်း​ရိုက်ခဲ့​တယ်လို့​သိရပါတယ်။

ဒီအ​ခြေအ​နေ​တွေ​ကြောင့်​ နယူး​ဒေလီမှာခိုလှုံ​နေရတဲ့​ ချင်း​ဒုက္ခသည်​တွေအ​နေနဲ့​ အထိတ်တလန့်​ လုပ်ကိုင်စား​သောက် ​နေရတယ်လို့​ ဘိုလ်ဒဲလား​ရပ်ကွက်မှာ ​နေထိုင်သူ ကိုမုံနူး​က ​ပြောပါတယ်။

နယူး​ဒေလီအ​ခြေစိုက် ချင်း​ဒုက္ခသည်များ​ကော်မတီက​တော့​ ဒီနှစ်ထဲမှာ အနိုင်ကျင့်​ခံရလို့​ လာတိုင်ထား​တာ ဆယ်မှု​လောက် ရှိတယ်လို့​ ​ပြောပါတယ်။

ချင်း​ဒုက္ခသည်များ​ကော်မတီ ဥက္ကဋ္ဌ ဦး​ဘိုနိုင်း​က “ပြဿနာ​ပေါ်လာရင် အိန္ဒိယနိုင်ငံက ဒုက္ခသည်ကွန်ဖရင့်​မှာ လက်မှတ်ထိုး​ထား​တာ မဟုတ်တဲ့​အတွက် ဒုက္ခသည်ဆိုတာကို ဂရုမစိုက်ဘူး​ အစိုး​ရက။ ယူအန်အိပ်ခ်ျစီအာက ဘာမှအကူအညီ မ​ပေး​နိုင်ဘူး​ဆိုရင် ကျ​နော်တို့​ဘက်က ဘာမှလုပ်လို့​မရဘူး​။”

ချင်း​ဒုက္ခသည်​တွေရဲ့​လုံခြုံ​ရေး​အတွက် ည ၉ နာရီမှ မနက် ၆ နာရီအတွင်း​ အိမ်အပြင်မထွက်ဖို့​၊​ ထွက်ရင်လည်း​ တဦး​တ​ယောက်တည်း​ အပြင်မသွား​ဖို့​ ချင်း​ဒုက္ခသည်များ​ကော်မတီက ထုတ်ပြန်​ကြေညာထား​ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013