A d v e r t i s e m e n t With Us

ဆန္ဒပြသံဃာများ​ မစိုး​ရိမ်တိုက်​ဟောင်း​ကို ​ရွှေ့​ပြောင်း

အခုည​နေ ​နောက်ဆုံး​ထပ်ရတဲ့​ သတင်း​အရ ဆန္ဒပြ​နေတဲ့​ သံဃာ​တော်​တွေဟာ မဟာမြတ်မုနိဘုရား​ကြီး​ဝင်း​က​နေ မစိုး​ရိမ်တိုက်​ဟောင်း​ကို ဒီည​နေ ၄ နာရီ​လောက်မှာ ​ရွှေ့​သွား​ကြပါပြီဖြစ်ပါတယ်။ မစိုး​ရိမ်ဆရာ​တော်ရဲ့​ ​မေတ္တာရပ်ခံချက်အရ ​ရွှေ့​သွား​တာလို့​ ဆန္ဒပြ သံဃာ​တော်​တွေကို အား​ပေး​တဲ့​ ပရိသတ်ထဲက တ​ယောက်က ​ပြောပါတယ်။ သံဃာ​တော်​တွေက ပရိသတ်ကို ​ရွှေ့​ရတဲ့​အ​ကြောင်း​ ရှင်း​ပြသွား​ပါတယ်။ “မစိုး​ရိမ်တိုက် ​ရောက်ရင် ကြိုက်သ​လောက် ​ဟော​ပြောပါ၊​ အခု​နေရာက မသင့်​တော်ဘူး​”လို့​ ဆရာ​တော်က ​မေတ္တာရပ်ခံတာ​ကြောင့်​လို့​ ဆိုပါတယ်။ ဆန္ဒပြသံဃာ​တော်​တွေကို အား​ပေး​တဲ့​ ပရိသတ်က မနက်ကထက် ပိုများ​လာပြီး​ ​ထောင်ချီရှိတယ်လို့​ ခန်း​မှန်း​တယ်လို့​လည်း​ မန္တ​လေး​ဒေသခံက ​ပြောပါတယ်။ သံဃာ​တော်​တွေ မစိုး​ရိမ်တိုက်ဘက်ကို ကား​နဲ့​ပြောင်း​ရွှေ့​တဲ့​အခါ ပရိသတ်က လည်း​ လိုက်သွား​ကြပါတယ်။ ဒီည​နေ ၃ နာရီမှာ လာမယ်ဆိုတဲ့​ တိုင်း​ဝန်ကြီး​ချုပ် ​ရောက်လာတယ်လို့​တော့​ မကြား​ရ​သေး​ပါဘူး​။

A d v e r t i s e m e n t With Us

More News
Up