Home
မြန်မာသတင်း
နမ့်ဖတ်ကာစခန်းမှ ရဲတပ်ဖွဲ့ဝင် ၂ ဦး ပျောက်ဆုံး
DVB
·
November 30, 2016
ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာရဲကင်းစခန်းက ရဲတပ်ဖွဲ့ဝင် ၂ ဦး ပျောက်ဆုံးနေတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက သတင်း ထုတ်ပြန်ပါတယ်။ နမ့်ဖတ်ကာ ရဲကင်းစခန်းမှ ဒုရဲအုပ် မြင့်ဌေးနဲ့  ရဲတပ်ကြပ် လင်းထက်တို့ဟာ နိုဝင်ဘာ ၂၈ ရက် နံနက် ၁၀ နာရီ ၃၅ မိနစ်က  ကွတ်ခိုင်မြို့မ ရဲစခန်းမှာ ဖမ်းဆီးထားတဲ့ တရားခံတွေကို မြို့နယ်တရားရုံးသို့ပို့ဆောင် တရားစွဲတင်ခဲ့ပြီး အပြန်မှာ ပျောက်ဆုံးသွားတာဖြစ်ပါတယ်။ အဆိုပါ ရဲတပ်ဖွဲ့ဝင် ၂ ဦးဟာ ည ၇ နာရီထိ စခန်းသို့ ပြန်လည် ရောက်ရှိခြင်း မရှိလို့ နယ်မြေခံ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ နယ်မြေရှင်းလင်းရှာဖွေရာမှာ  ည ၁၀ နာရီ ၂၅ မိနစ်မှာ ကောင်းလိမ်ရွာအနီး ပြည်ထောင်စုကားလမ်း မိုင်တိုင်အမှတ် ၂၃၃/၅-၆ အကြား ၎င်းတို့အသုံးပြုတဲ့ ဟွန်ဒါဖစ်ယာဉ်ကို  တွေ့ရှိရပြီး ရဲတပ်ဖွဲ့ဝင် (၂) ဦးမှာ ပျောက်ဆုံးနေတယ်လို့ သတင်းမှာဖော်ပြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024