DVB Logo
Home
မြန်မာသတင်း
ခရီး​သွား​ဘုတ်အဖွဲ့​ဥက္ကဋ္ဌနှင့်​ သတင်း​သမား​များ​ အ​ချေအတင်ဖြစ်
DVB
·
November 15, 2011
ခရီး​သွား​ဘုတ်အဖွဲ့​ဥက္ကဋ္ဌနှင့်​ သတင်း​သမား​များ​ အ​ချေအတင်ဖြစ်
Donate to DVB

ဒီ​နေ့​ပြုလုပ်တဲ့​ မြန်မာ့​ခရီး​သွား​လုပ်ငန်း​ ဘုတ်အဖွဲ့​ရဲ့​ သတင်း​စာရှင်း​လင်း​ပွဲမှာ ဘုတ်အဖွဲ့​ဥက္ကဋ္ဌ ​ဇေကမ္ဘာဦး​ခင်​ရွှေနဲ့​ သတင်း​သမား​တွေ စကား​အ​ချေအတင် ဖြစ်ခဲ့​ကြပါတယ်။

[caption id="attachment_17806" align="alignleft" width="300" caption="ဇေကမ္ဘာဦးခင်ရွှေ"][/caption]

ပုဂံ​ဒေသမှာလုပ်မယ့်​ ခရီး​သွား​လုပ်ငန်း​ ပြပွဲအ​ကြောင်း​ ရန်ကုန်မြို့​ အလံပြဘုရား​လမ်း​က ယုဇနဟိုတယ်မှာ သတင်း​စာရှင်း​လင်း​ပွဲ ပြုလုပ်ရင်း​ ဖြစ်ခဲ့​တာပါ။

 

သတင်း​စာရှင်း​လင်း​ပွဲတက်ခဲ့​တဲ့​ သတင်း​ထောက်တဦး​က “​ပြောချင်တဲ့​ အ​ကြောင်း​အရာက ပုဂံမှာလုပ်မယ့်​ ပြပွဲအ​ကြောင်း​ပြောချင်တာ။ ဒါ​ပေမယ့်​ အဲ့​အ​ကြောင်း​မ​ရောက်ဘဲ သတင်း​ထောက်​တွေက အ​ကောင်း​မြင်နဲ့​ မ​ရေး​ဘူး​။ အဆိုး​မြင်နဲ့​ ​ရေး​တယ်။ တိုင်း​ပြည်က​ကောင်း​ခါနီး​မှ မီဒီယာ​ကြောင့်​ ဒုက္ခ​ရောက်လိမ့်​မယ်။ မီဒီယာသမား​တွေက ပြင်ဖို့​ပြုဖို့​ ​ပြောတယ်။ သူအဲ့​လို ​ပြော​တော့​ ရိုက်တာသတင်း​ဌာနက ကို​အောင်လှထွန်း​က လူကလည်း​ မခံနိုင်ဘူး​။ ကျ​နော်တို့​က ​ကျွေး​မွေး​တာ​တွေကိုလည်း​ ဂရုစိုက်တာ မဟုတ်ဘူး​။ ကျ​နော်တို့​ မြင်တာကို ​ရေး​တာ​ပေါ့​၊​ ဘာညာနဲ့​ ကျ​နော်တို့​ကလည်း​ ပြန်ရှင်း​ပြတာ​ပေါ့​။ ရှင်း​တယ် ဆိုတာလည်း​ ဒါမျိုး​က သတင်း​စာရှင်း​လင်း​ပွဲ​တွေမှာ တခါမှဖြစ်တာမဟုတ်ဘူး​လေ။ ဖြစ်ကြတာ​ပေါ့​။ ဖြစ်တာ​တော့​ အရှည်ကြီး​ပေါ့​” လို့ ပြောပါတယ်။

သတင်း​သမား​တွေ​ခေါ်ပြီး​ သတင်း​သမား​တွေကို သူမ​ကျေနပ်တဲ့​အ​ကြောင်း​ ​ခေါ်​ပြောသလို ဖြစ်​နေတယ်လို့​လည်း​ ဆိုပါတယ်။ ရန်ကုန်မြို့​က ဝန်ကြီး​များ​ရုံး​ကို ဟိုတယ်လုပ်​တော့​မယ်ဆိုတဲ့​ သတင်း​ မ​ရေး​ပါနဲ့​လို့​ သူ​ပြောတဲ့​ကြား​က ဂျာနယ်​တွေက ​ရေး​လို့​ မ​ကျေနပ်တဲ့​အ​ကြောင်း​လဲ ဦး​ခင်​ရွှေက ထုတ်​ဖော် ​ပြောဆိုတယ်လို့​ ဆိုပါတယ်။

ဒါ့​အပြင် သတင်း​စာရှင်း​လင်း​ပွဲနဲ့​မသက်ဆိုင်တဲ့​ တခြား​ကိစ္စ​တွေလည်း​ ထည့်​သွင်း​ပြောဆိုခဲ့​လို့​ သတင်း​သမား​အများ​စုက အမြင်မကြည် ဖြစ်ခဲ့​ကြတယ်လို့​ ​ပြောပါတယ်။ ​နောက်ပိုင်း​မှာ ဦး​ခင်​ရွှေက သူ​ပြောတာ အမှား​ရှိရင်ခွှင့်​လွှတ်ဖို့​ ​တောင်း​ပန်စကား​ ဆိုတယ်လို့​လည်း​ သတင်း​ထောက်က ​ပြောပါတယ်။

မြန်မာပြည်အ​ခြေစိုက် ပြည်ပသတင်း​ဌာနတခုရဲ့​ ဝါရင့်​သတင်း​ထောက် တဦး​က​တော့​ စီး​ပွား​ရေး​လုပ်ငန်း​ရှင်တချို့​က သူတို့​ ​ပေး​တာယူ၊​ ​ရေး​ခိုင်း​တာ​ရေး​ ဆိုတဲ့​သ​ဘောမျိုး​ ရှိတတ်တဲ့​အတွက် သတင်း​သမား​အား​လုံး​က ညီညီညွတ်ညွတ်နဲ့​ ကိုယ့်​ရပ်တည်ချက်နဲ့​ကိုယ် လွတ်လွတ်လပ်သတင်း​ရေး​ ရပ်တည်ကြဖို့​လို​ကြောင်း​ မှတ်ချက်​ပေး​ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013