အမျိုးသမီးလိဂ်ပြိုင်ပွဲက နိုင်ငံ့လက်ရွေးစင်အသင်းအတွက် အထောက်အကူပြုနိုင်မည်

1.2K
အမျိုးသမီးလိဂ် ပေါ်ပေါက်လာတာဟာ အနာဂတ်အတွက် အမျိုးသမီး ရွက်ပုန်းသီး ကစားသမားတွေ ပေါ်ထွက်လာပြီး နိုင်ငံ့လက်ရွေးစင်အသင်းအတွက် အများကြီး အထောက်အကူပြုနိုင်လိမ့်မယ်လို့ အမျိုးသမီးဘောလုံးသမားတွေက ဆိုကြပါတယ်။
ဒါ့အပြင် လက်ရှိ လက်ရွေးစင် အမျိုးသမီးဘောလုံးသမားတွေအနေနဲ့လည်း ကစားသမားကောင်းတွေ ထပ်မံပေါ်ထွက်လာတဲ့အတွက် နေရာမဖယ်ပေးရရေး ကြိုးစားလာကြမယ်လို့ မျှော်လင့်ကြောင်း မြဝတီအမျိုးသမီးအသင်းမန်နေဂျာ မညွန့်ညွန့်က ပြောပါတယ်။
"လက်ရွေးစင် အားကစားသမားတွေ ဖြစ်နိုင်ခြေရှိတဲ့ အလားအလာရှိတဲ့သူတွေကို အခုလို ပြိုင်ပွဲတွေကနေ စိတ်ကြိုက်ရွေးမယ်၊ လေ့ကျင့်မယ်ဆို လက်ရွေးစင်အသင်းအတွက် အင်အား ပိုမိုကောင်းမွန်လာပြီး တိုးတက်လာမယ်။ လက်ရှိ လက်ရွေးစင်မှာရှိနေတဲ့ အားကစားသမားတွေက ငါတို့ ပိုကြိုးစားမှရမယ်ဆိုပြီး ကြိုးစားချင်စိတ်တွေ ရှိလာမှာပါ။"
အမျိုးသမီးလိဂ်ကို လာမယ့် ဒီဇင်ဘာ ၁၀ ရက်နေ့မှာ စတင်ကျင်းပမှာဖြစ်ပြီး အားကာသိပ္ပံမှ ၂ သင်း၊ ကာကွယ်ရေးမှ ၂ သင်း၊ ဇွဲကပင်အသင်းနဲ့ တက္ကသိုလ်လက်ရွေးစင်အသင်းတို့ ပါဝင်ကြမှာ ဖြစ်ပါတယ်။
သတင်း၊ ဓာတ်ပုံ - ထက်လူ