DVB Logo
Home
မြန်မာသတင်း
လယ်ယာ​မြေအဓမ္မအသိမ်း​ခံရသည့်​ကိစ္စ ကူညီ​ပေး​သူ ဦး​မြင့်​နိုင် ဖမ်း​ဆီး​ခံရ
DVB
·
November 15, 2011
Donate to DVB

လယ်ယာ​မြေ အဓမ္မအသိမ်း​ခံရတဲ့​ ​တောင်သူလယ်သမား​တွေကို ကူညီ ​ဆောင်ရွက်​ပေး​နေတဲ့​ ဦး​မြင့်​နိုင်ကို အာဏာပိုင်​တွေက ဖမ်း​ဆီး​ပြီး​ ဗွီဒီယိုအက်ဥပ​ဒေနဲ့​ တရား​စွဲဆိုထား​တယ်လို့​ လယ်သမား​များ​အ​ရေး​ ကူညီ​ပေး​နေတဲ့​ ​ရှေ့​နေ ကိုဖိုး​ဖြူက ​ပြောပါတယ်။

ဦး​မြင့်​နိုင်ရဲ့​ ပုသိမ်မြို့​ ​နေအိမ်မှာ ရဲတပ်ဖွဲ့​က မ​နေ့​မနက် ၁ နာရီ​ကျော်မှာ ဝင်​ရောက် ဖမ်း​ဆီး​ခဲ့​တယ်လို့​ ​ပြောပါတယ်။

“ရဲမှူး​ကြီး​အပါအဝင် အ​ယောက် ၃ဝ​လောက်က သူ့​အိမ်ကိုဝိုင်း​တယ်။ ပြီး​တဲ့​အခါကျ​တော့​ သူ့​ကို ဗွီဒီယိုအက်ဥပ​ဒေပုဒ်မ ၃၂(က၊​ ခ) ​ပေါ့​၊​ တရား​မဝင် ထုတ်​ဝေခွင့်​မရှိတာကို ထုတ်တယ်၊​ ပြသတယ်ဆိုတဲ့​ ပုဒ်မနဲ့​ သူ့​ကိုတရား​စွဲတာပါ။ ပြီး​တဲ့​အခါကျ​တော့​ မ​နေ့​တုန်း​ကပဲ မြို့​နယ်တရား​ရုံး​မှာ ရုံး​ထုတ်တယ်။ အာမခံမ​ပေး​ဘူး​။”

ဦး​မြင့်​နိုင်ဟာ ပြီး​ခဲ့​တဲ့​ စက်တင်ဘာ ၁၅ ရက်​နေ့​က လယ်သမား​၂၀၀ ​ကျော်နဲ့​ အတူ ဧရာဝတီတိုင်း​ဝန်ကြီး​ချုပ် ဦး​သိန်း​အောင်ရဲ့​ ရုံး​ကို ချီတက်ပြီး​ လယ်သမား​ အခွင့်​အ​ရေး​ကို ဦး​ဆောင်ပြီး​ သွား​ရောက်​တောင်း​ဆိုခဲ့​ပါတယ်။

ဒီလိုသွား​ရောက်​တောင်း​ဆိုမှုကို ဗွီဒီယိုမှတ်တမ်း​ယူပြီး​ သိမ်း​ထား​တဲ့​အတွက် ပုသိမ်မြို့​နယ် ရဲစခန်း​က သူ့​ကို ဖမ်း​ဆီး​ခေါ်​ဆောင်သွား​တာလို့​ ​ရှေ့​နေ ကိုဖိုး​ဖြူက ​ပြောပါတယ်။

ဦး​မြင့်​နိုင်ကို ဖမ်း​ဆီး​တရား​စွဲဆိုမှုနဲ့​ပတ်သက်ပြီး​ ဖမ်း​ဆီး​တရား​စွဲဆိုတဲ့​ ပုသိမ်မြို့​နယ် အမှတ်၂ ရဲစခန်း​ကို ဆက်သွယ်​မေး​မြန်း​ပေမယ့်​ တာဝန်ခံ ​ဖြေဆိုခြင်း​ မရှိပါဘူး​။

ဦး​မြင့်​နိုင်ဟာ လူ့​အခွင့်​အ​ရေး​ ကာကွယ်​စောင့်​ကြည့်​သူများ​ ကွန်ရက်ရဲ့​ ​ခေါင်း​ဆောင်တဦး​ ဖြစ်သလို လယ်သမား​အ​ရေး​ ​ဆောင်ရွက်​ပေး​နေသူလည်း​ ဖြစ်ပါတယ်။

ဦး​မြင့်​နိုင်ရဲ့​အမှုကို ​ရှေ့​နေကိုဖိုး​ဖြူနဲ့​အတူ ​ရှေ့​နေအဖွဲ့​က လိုက်ပါ ​ဆောင်ရွက် ​ပေး​မှာဖြစ်ပြီး​ နိုဝင်ဘာ ၂၅ ရက်​နေ့​ ရုံး​ချိန်း​ထား​တယ်လို့​ ကိုဖိုး​ဖြူက ​ပြောပါတယ်။

ဦး​မြင့်​နိုင်ကို ပုသိမ်မြို့​နယ် ရဲစခန်း​မှာပဲ ထိန်း​သိမ်း​ထား​တယ်လို့​ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013