တိုက်ပွဲဝင်စိတ်ဓာတ်ဖြင့် ရုန်းထွက်ကြရန် လက်စတာနည်းပြ တိုက်တွန်း

ဓာတ်ပုံ - ရိုက်တာ
1.8K
၂၀၁၄ ဘောလုံးရာသီကလို တိုက်ပွဲဝင်စိတ်ဓာတ်နဲ့ တန်းဆင်းဇုန်နားကနေ ရုန်းထွက်ကြဖို့ လက်စတာနည်းပြ ယာနီ ရေးရီက ကစားသမားတွေကို တိုက်တွန်းပြောကြားလိုက်ပါတယ်။
ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ လက်စတာအသင်းဟာ ပရီးမီးယာလိဂ်ပွဲစဉ် ၁၃ ပွဲကစားအပြီးမှာ ၃ ပွဲပဲ အနိုင်ရသေးပြီး ၄ ပွဲသရေ ၆ ပွဲရှုံးနိမ့်ထားတာပါ။
ရမှတ် ၁၃ မှတ်ပဲ ရရှိသေးတာကြောင့် တန်းဆင်းဇုန်က အသင်းတွေနဲ့ ရမှတ် ၂ မှတ်ပဲ ကွာဟတော့တာဖြစ်ပြီး လာမယ့်ပွဲတွေမှာ ၂၀၁၄ ခုနှစ်က တန်းဆင်းဇုန်ကနေ ရုန်းထွက်ပြခဲ့သလို ခြေစွမ်းမျိုးပြသကြဖို့ နည်းပြယာနီရေးရီက အလိုရှိနေပါတယ်။
လက်စတာအသင်းဟာ ပရီမီးယားလိဂ်ပြိုင်ပွဲမှာ ၄ ပွဲဆက် နိုင်ပွဲပျောက်နေပေမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲမှာတော့ အုပ်စုနောက်ဆုံးပွဲစဉ် မကစားရသေးခင်မှာပဲ ၁၆ သင်းအဆင့်ကို တက်ရောက်ခဲ့ပါတယ်။
လက်ရှိအခြေအနေမှာ ချန်ပီယံလိဂ်ပြိုင်ပွဲကို မေ့ထားပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရလဒ်ကောင်းရဖို့ လိုတယ်လို့လည်း နည်းပြ ယာနီရေးရီက ပြောပါတယ်။
လက်စတာအသင်းဟာ လာမယ့် ပွဲစဉ် ၁၄ မှာ ဆန်းဒါးလန်းအသင်းနဲ့ အဝေးကွင်းမှာ သွားရောက်ကစားရမှာ ဖြစ်ပါတယ်။