DVB Logo
Home
မြန်မာသတင်း
မန္တ​လေး​တွင် သံဃာ​တော် ၅ ပါး​ ဆန္ဒပြ
DVB
·
November 15, 2011
မန္တ​လေး​တွင် သံဃာ​တော် ၅ ပါး​ ဆန္ဒပြ
1 / 3
Donate to DVB

ရွှေဝါ​ရောင်သပိတ်​ကြောင့်​ အဖမ်း​ခံထား​ရတဲ့​ သံဃာ​တော်​တွေ အပါအဝင် နိုင်ငံ​ရေး​အ ကျဉ်း​သား​တွေကို ပြန်လွှတ်ဖို့​နဲ့​ ပြည်တွင်း​ငြိမ်း​ချမ်း​ရေး​အတွက် သံဃာ​တော် ၅ ပါး​က မန္တ​လေး​ မဟာမြတ်မုနိ ဘုရား​ကြီး​ဝင်း​ထဲမှာ ဒီ​နေ့​မနက် ၅ နာရီကစလို့​ ဆန္ဒပြ​နေပါတယ်။

အဖမ်း​ခံထား​ရတဲ့​ သံဃာ​တော်​တွေနဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေ လွတ်​မြောက်​ရေး​၊​ တိုင်း​ရင်း​သား​ဒေသက စစ်ပွဲ​တွေရပ်​ရေး​အတွက် ဒီသံဃာ​တော် ၅ ပါး​က ဘုရား​ကြီး​ဝင်း​ထဲက မဟာဗုဒ္ဓဝင်ဗိမာန်မှာ အသံချဲ့​စက်နဲ့​ ​ဟော​ပြောကြပါတယ်။

မနက် ၁၀ နာရီ​လောက်မှာ မန္တ​လေး​က သံဃမဟာနာယက ဆရာ​တော်​တွေ ​ရောက်လာပြီး​ ဆန္ဒပြသံဃာ​တော်​တွေနဲ့​ ​ဆွေး​နွေး​တယ်လို့​ ဆန္ဒပြသံဃာ​တော်တပါး​ဖြစ် တဲ့​ ဦး​မာဃက အသိ​ပေး​မိန့်​ကြား​ပါတယ်။

“မစိုး​ရိမ် တိုက်ဥက္ကဋ္ဌဆရာ​တော်ကြီး​ရယ်၊​ ဘုရား​ကြီး​တိုက်ထဲက ဩဝါဒ ဒုတိယ ဆရာ​တော်တရား​ရယ် လာ​ရောက်ပြီး​တော့​ ဦး​ဇင်း​တို့​နဲ့​ ​ဆွေး​နွေး​စကား​ပြောသွား​ပါတယ်။ အဲဒီမှာ သ​ဘောတူညီချက်က ဆရာ​တော်ကြီး​တွေက တိုင်း​ဝန်ကြီး​ချုပ်ကို သူတို့​ကိုယ်တိုင် သွား​ရောက်​တွေ့​ဆုံ စကား​ပြောပြီး​တော့​ ဦး​ဇင်း​တို့​ရဲ့​ လိုချင်တဲ့​အချက်​တွေကို ဦး​ဇင်း​တို့​က တင်ပြပြီး​တော့​ ညှိနှိုင်း​ဆောင်ရွက်​ပေး​မယ်လို့​ ဆရာ​တော်ကြီး​တွေက မိန့်​သွား​ပါတယ်။ ဒီကြား​မှာ​တော့​ ဆရာ​တော်ကြီး​တွေက ဦး​ဇင်း​တို့​ရဲ့​ ​ဟော​ပြောပွဲ​တွေကို​တော့​ ရပ်ထား​ဦး​လို့​ ​မေတ္တာ ရပ်ခံတဲ့​အတွက် ဦး​ဇင်း​တို့​ နာခံ​နေရပါတယ်။ ”

ဆန္ဒပြသံဃာ​တော်​တွေရဲ့​ ​တောင်း​ဆိုချက်​တွေနဲ့​ပတ်သက်လို့​လည်း​ ဆရာ​တော် ဦး​မာဃက အခုလို မိန့်​ကြား​ပါတယ်။

“ဦး​ဇင်း​တို့​ ​တောင်း​ဆိုတာက ​ရွှေဝါ​ရောင်တုန်း​ကပဲ ဖြစ်ဖြစ်၊​ ဒိထက်အရင်ကပဲဖြစ်ဖြစ် မစိုး​ရိမ်ဆရာ​တော် ဦး​ဝိရသူတို့​၊​ ​ရွှေဝါ​ရောင်တုန်း​က ဦး​ဂမ္ဘီရတို့​နဲ့​အတူ ​မေတ္တာသုတ်ရွတ်တဲ့​ ဆရာ​တော်​တွေ အကျဉ်း​ကျ​နေတယ်၊​ ကျန်း​မာ​ရေး​တွေ မ​ကောင်း​ဖြစ်​နေကြတယ်၊​ ​နောက် နိုင်ငံ​ရေး​အကျဉ်း​သား​တွေအား​လုံး​ လွတ်​မြောက်ဖို့​ရယ်အတွက် ဆိုပြီး​တော့​ ဦး​ဇင်း​တို့​ နံပါတ်တစ်တချက်​ပေါ့​။ ​နောက် နံပါတ် နှစ်အချက်က​တော့​ တိုင်း​ရင်း​သား​ဒေသအသီး​သီး​မှာရှိ​နေတဲ့​ ပြည်တွင်း​စစ်​တွေကို ချက်ချင်း​ရပ်​ပေး​ဖို့​ရယ်၊​ ​နောက်ပြီး​တော့​ လွတ်လပ်မှုရှိတဲ့​ ​ဟော​ပြောခွင့်​တွေကိုလည်း​ ဦး​ဇင်း​တို့​ ​တောင်း​ဆိုထား​ပါတယ်။”

ဒီက​နေ့​ ည​နေ ၃ နာရီမှာ ဆန္ဒပြသံဃာ​တော်​တွေနဲ့​ တိုင်း​ဝန်ကြီး​ချုပ် ​တွေ့​ခွင့်​ရ​အောင် စီစဉ်​ပေး​မယ်လို့​ ဆရာ​တော်​တွေက မိန့်​ကြား​သွား​တယ်လို့​ ဦး​မာဃက ဆိုပါတယ်။

ဘုရား​ကြီး​ဝင်း​အနီး​မှာ အာ​သောကရာမ၊​ ဒက္ခိဏရာမ စတဲ့​ နာမည်ကြီး​ စာသင်တိုက်​တွေ ရှိပါတယ်။

သံဃာ​တော်​တွေ ဆန္ဒပြတဲ့​သတင်း​ကို ကြား​တဲ့​အတွက် မြို့​ခံ​တွေနဲ့​ သံဃာ​တော် ​တွေ ရာနဲ့​ချီ ​ရောက်လာပြီး​ ငြိမ်း​ငြိမ်း​ချမ်း​ချမ်း​ပဲ အား​ပေး​ကြတယ်လို့​ သိရပါတယ်။

ဒီ​နေ့​ ဆန္ဒပြပွဲကို အစိုး​ရပိုင်း​က စစ်တပ်​တွေ၊​ ရဲ​တွေ ​ရောက်လာတာမရှိတာ ထူး​ခြား​တယ်လို့​ ဆန္ဒပြတဲ့​ဗိမာန်အနီး​ လိပ်ကန်​ဘေး​က​နေ ​စောင့်​ကြည့်​နေတဲ့​ သံဃာ​တော်တပါး​က အသိ​ပေး​မိန့်​ကြား​ပါတယ်။

“​ရှေ့​မှာ​တော့​ မနက်က ဆိုင်း​ဘုတ် ၂ ခု​ထောင်ထား​တယ်၊​ နိုင်ငံ​ရေး​အကျဉ်း​သား​များ​ ချက်ချင်း​လွှတ်နဲ့​ ပြည်တွင်း​စစ် ချက်ချင်း​ရပ်ဆိုတဲ့​ မြန်မာလို့​ အင်္ဂလိပ်လို စာတန်း​ ၂ ခုပါတဲ့​ ဆိုင်း​ဘုတ်ကို ​ထောင်ထား​တယ်။ ​နောက်တနာရီအတွင်း​မှာ​တော့​ ထပ်ပြီး​တော့​ ဆိုင်း​ဘုတ် ၂ ခု ထပ်ပြီး​ထောင်တယ်။ မြန်မာပြည်အမြန်ငြိမ်း​ချမ်း​ပါ​စေနဲ့​ လွှတ်လပ်မှုကို ​ပေး​ပါဆိုတဲ့​ ဆိုင်း​ဘုတ် ၂ ခုကို ထပ်​ထောင်တာ ​တွေ့​ရတယ်ခင်ဗျ။ ဆိုင်း​ဘုတ် ၂ ခုစလုံး​မှာ အင်္ဂလိပ်လို​ရော ဗမာလို​ရော ​ရေး​ထား​တာ ​တွေ့​ရတယ်။ ပြီး​တော့​ ဆိုင်း​ဘုတ် ၂ ခု အလယ်တဲ့​တဲ့​မှာ သံဃာ့​အလံကို ​ထောင်ထား​တယ်။ ငြိမ်း​ချမ်း​ရေး​ချိုး​ဖြူအလံ​လေး​ ​ထောင်ထား​တာကို ​တွေ့​ရတယ်။ ပိတ်စနဲ့​ လုပ်ထား​တဲ့​ ဆိုင်း​ဘုတ်ပါပဲ။”

မ​နေ့​တုန်း​က နိုင်ငံ​ရေး​အကျဉ်း​သား​တွေကို လွှတ်​ပေး​မယ်လို့​ ​ကောလဟလ​တွေ ထွက်​ပေါ်ခဲ့​ပေမယ့်​ တကယ် မလွတ်​မြောက်ခဲ့​ပါဘူး​။

မြန်မာပြည်မှာ ယုံကြည်ချက်​ကြောင့်​ အကျဉ်း​ကျသူ ၅၀၀ ဝန်း​ကျင်ရှိတယ်လို့​ အစိုး​ရက ဆိုပြီး​၊​ လူ့​အခွင့်​အ​ရေး​အဖွဲ့​တွေက​တော့​ ၂,၀၀၀ ဝန်း​ကျင်ရှိတယ်လို့​ ယုံကြည်​နေပါတယ်။

မနှစ်နှစ်ကုန်ပိုင်း​ကစလို့​ ကချင်ပြည်နယ်၊​ ကရင်ပြည်နယ်၊​ ရှမ်း​ပြည်နယ်တို့​မှာ အစိုး​ရနဲ့​ တိုင်း​ရင်း​သား​တပ်​တွေ တိုက်ပွဲ​တွေ ဆက်တိုက်ဖြစ်ပွား​နေပြီး​ လူ​ထောင်​ပေါင်း​များ​စွာ အိုး​အိမ်စွန့်​ခွာ ထွက်​ပြေး​ခဲ့​ရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013