မီးလောင်ပြင်တွင်း ပိတ်မိနေသူများကို လူ ၄ ဦးက ပင့်ကူလူသားသဖွယ် စွန့်စားကယ်တင် (ရုပ်သံ)

3.4K
တရုတ်နိုင်ငံ၊ ရှန်ဒေါင်းခရိုင်၊ ဂျီနန်းမြို့မှာ မီးလောင်မှုတခုဖြစ်ခဲ့ပြီး တိုက်ခန်းတွင်း ပိတ်မိနေခဲ့သူတွေကို ပြတင်းမှန်သန့်ရှင်းရေးသမား ၄ ဦးက ပင့်ကူလူသားတွေလို စွန့်စွန့်စားစား ကယ်တင်ခဲ့ကြရပါတယ်။
ဒီအဖြစ်အပျက်ဟာ နိုဝင်ဘာ ၂၆ ရက်နေ့က ဖြစ်ခဲ့တာဖြစ်ပြီး မီးလောင်မှုသတင်းပေးချက်အရ မီးသတ်သမားတွေ ရောက်ရှိလာချိန်မှာ ဖြစ်ခဲ့တာပါ။
မီးလောင်နေတဲ့ တိုက်ခန်းတွင်း ပိတ်မိနေသူတွေကို ကယ်တင်နိုင်ဖို့အတွက် သူတို့ယူဆောင်လာတဲ့ ကြိုးဟာ အရှည်မလုံလောက်ဘဲ ဖြစ်နေခဲ့တာပါ။
အဲဒီအချိန်မှာပဲ ပြတင်းမှန်သန့်ရှင်းရေးသမား ၄ ဦးက ကြိုးတွေကို အသုံးပြုပြီး ပင့်ကူလူသားတွေလို ခက်ခက်ခဲခဲ ကယ်တင်ခဲ့ကြရတာကို စီစီတီဗွီသတင်းမှာ တွေ့နိုင်မှာပါ။