မိချောင်းသားကင်နှင့် မြွေသားကင် ထိုင်းနိုင်ငံလမ်းဘေးဆိုင်များတွင် ရောင်းချ (ရုပ်သံ)

2.5K
ထိုင်းနိုင်ငံက လမ်းဘေးဆိုင်တွေမှာ အသင့်အလွယ်စား အစားအသောက်တစ်ခုအနေနဲ့ မြွေသားနဲ့ မိချောင်းသားတွေကို ကင်ပြီး ရောင်းချနေတယ်လို့ မေရာသတင်းဌာနရဲ့ နိုဝင်ဘာလ ၂၅ ရက်နေ့ သတင်းမှာ ဖော်ပြထားပါတယ်။
သေနေတဲ့ မြွေနဲ့ မိချောင်းကို သံချောင်းနဲ့ထိုး မီးသွေးမီးပူပူပေါ်မှာ ဖြည်းဖြည်းချင်း လှည့်ပြီး ကင်နေတာကို ဗီဒီယိုရုပ်သံထဲမှာ မြင်တွေ့ရမှာပါ။
ဈေးကြီးလှတဲ့ ပိုက်ဆံအိတ်တွေ၊ ဖိနပ်တွေနဲ့ အမျိုးသားလက်ကိုင်အိတ်တွေ ပြုလုပ်ဖို့အတွက် ဒီသတ္တဝါနှစ်ကောင်လုံးရဲ့ အရေခွံတွေကို ပထမဦးဆုံး ဆုတ်ထားပါတယ်။
ပုံမှန်မဟုတ်ပဲ ထူးခြားတဲ့ အသင့်အစားအစာ ပြုလုပ်ရောင်းချပုံ ဒီဗီဒီယိုရိုပ်သံကို ခွန်စတန်က ရိုက်ကူးခဲ့ပြီး “ဒါက ကျနော်ကြိုက်တဲ့ အစားအစာတော့မဟုတ်ဘူး ကျနော်အနေနဲ့ ပြောရရင် ဒီသတ္တဝါတွေအတွက်တော့ စိတ်မကောင်းဘူး” လို့ ပြောခဲ့ပါတယ်။