DVB Logo
Home
မြန်မာသတင်း
မဟာချိုင် မြန်မာ ရေဘေးကယ်ဆယ်ရေးစခန်း ဆက်ဖွင့်ခွင့်ရ
DVB
·
November 14, 2011
မဟာချိုင် မြန်မာ ရေဘေးကယ်ဆယ်ရေးစခန်း ဆက်ဖွင့်ခွင့်ရ
Donate to DVB

ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသက မြန်မာဘုန်းကြီးကျောင်းမှာ​ ​ရေဘေးဒုက္ခသည်စခန်း ဖွင့်ထားတဲ့ကိစ္စ ထိုင်းအာဏာပိုင်တွေနဲ့ ပြဿနာ​ တက်ခဲ့မှု နှစ်ဖက်အာဏာပိုင်တွေ ညှိနှိုင်းပြီး ပြေလည်သွားတဲ့အတွက် ဆက်ဖွင့်ခွင့် ရရှိပြီဖြစ်ပါတယ်။

ဘုန်း​​တော်​ကြီး​​ကျောင်း​ရှိ​ မြန်​မာ​ရေ​ဘေး​​​​ ​ဒု​က္ခ​သည်​များ

ဘန်ကောက်မြို့ ရေလွှမ်းမိုးနေတဲ့ ရပ်ကွက်တွေက​ ​မြန်မာရေဘေးဒုက္ခသည်တွေအတွက် မဟာချိုင်က​ ​၀ပ်ခေါင်မဒယာ​ ​မြန်မာဘုန်းကြီးကျောင်းမှာ​ ​မြန်မာနိုင်ငံသားများအဖွဲ့ အစည်းက ဒီလ ၄​ ရက်ကစပြီး​ ​ရေးဘေးကယ်ဆယ်ရေးစခန်းတခု ဖွင့်ထားတာကို မဟာချိုင် ထိုင်းအလုပ်သမား ရှာဖွေရေးဌာနက ကန့်ကွက်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီကိစ္စနဲ့ ပတ်သက်ပြီး​ ​မြန်မာသံရုံးနဲ့ ထိုင်းအလုပ်သမား ၀န်ကြီးဌာနတို့ တွေ့ဆုံညှိနှိုင်းခဲ့ကြတဲ့အတွက် တနင်္လာနေ့မှာ ကယ်ဆယ်ရေးစခန်း  ပြန်ဖွင့်ခွင့်ပြုထားတယ်လို့  သိရပါတယ်။

မြန်မာနိုင်ငံသားများအဖွဲ့ တာဝန်ခံ ဦးကျော်သောင်းက “ဖွင့်လို့ ရသွားပြီ၊ ဒီမှာပဲ။ မနိုင်မနင်းဖြစ်မှာစိုးတဲ့။ ကျနော်တို့ဘက်ကလည်း ပြန်ပြောပါတယ်။ ရေဟာ ဒီမဟာချိုင်း ဘက် ရောက်လာရင်တော့ နင်တို့ သတ်မှတ်ထားတဲ့နေရာကို ပို့မှာပါလို့။ ဘာကြောင့်လဲ ဆိုရင် ဒီနယ်မြေတွေက အရမ်းနီးတဲ့နေရာတွေ ဖြစ်တဲ့အတွက် အလုပ်သမားတွေ လွယ်လင့်တကူ၊ နီးနီးနားနား၊ ကျနော်တို့လည်း ကယ်တင်နိုင်တယ်။ သူတို့လည်း လာနိုင်တာဖြစ်လို့ ဒီနေရာမှာ လုပ်တာပါလို့” ပြောလိုက်တယ်လို့ ဆိုပါတယ်။

ထိုင်းအစိုးရဟာ ဘန်ကောက်အနီးက ခရိုင် ၉ ခုမှာ ရေဘေးဒုက္ခသည် ခိုလှုံရေး စင်တာတွေ ဖွင့်လှစ်ပေးထားပြီး အဲဒီစခန်းတွေမှာ ရေဘေးဒုက္ခသည် ၂ သိန်းကျော် ခိုလှုံနေပါတယ်။

ဘန်ကောက်က မြန်မာအလုပ်သမားတွေကတော့  အဖမ်းခံရမှာ စိုးရိမ်ပြီး ထိုင်းအစိုးရ​ ​ရေဘေးကယ်ဆယ်ရေးဌာနတွေကို မဆက်သွယ်ရဲလို့ မြန်မာ အလုပ်သမား​ အဖွဲ့တွေက​ ​မြန်မာဘုန်းကြီးကျောင်းမှာ ရေဘေးကယ်ဆယ်ရေး စခန်း ဖွင့်လှစ်ထားတာပါ။

ထိုင်းအစိုးရရဲ့ ညွှန်ကြားချက်လည်း မရှိတဲ့အပြင် ရေလွှမ်းမယ့် အန္တရာယ် ရှိနေတာကြောင့် ၀ပ်ခေါင်မဒယာဘုန်းကြီးကျောင်းမှာ မြန်မာရေဘေးကယ်ဆယ်ရေး စခန်းဖွင့်တာကို ခရိုင်အဆင့် ထိုင်းအာဏာပိုင်တွေက ခွင့်မပြုဘဲ တားမြစ်ခဲ့တာလည်း ဖြစ်ပါတယ်။

မဟာချိုင်ဒေသက စက်ရုံအလုပ်ရုံတွေမှာ   မြန်မာအလုပ်သမားတွေ သိန်းနဲ့ချီ အလုပ်​ လုပ်နေကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013