DVB Logo
Home
မြန်မာသတင်း
ဆိုင်ကယ် ၂ စီး မျက်နှာချင်းဆိုင်တိုက်မိ၊ ၁ ဦးသေဆုံး
DVB
·
November 26, 2016
ဆိုင်ကယ် ၂ စီး မျက်နှာချင်းဆိုင်တိုက်မိ၊ ၁ ဦးသေဆုံး
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် အင်းတော်မြို့နယ် ရွှေဘို-မြစ်ကြီးနားကားလမ်းမပေါ် လယ်ပြင်ရွာအနီးမှာ နိုဝင်ဘာ ၂၅ ရက်နေ့မွန်းလွဲ ၁ နာရီခွဲအချိန်မှာ ဆိုင်ကယ် ၂ စီးမျက်နှာချင်း ဆိုင်တိုက်တဲ့အတွက် ၁ ဦးသေဆုံး ၂ ဦးဒဏ်ရာရရှိခဲ့တယ်လို့ အင်းတော်မြို့မရဲစခန်းမှသိရပါ တယ်။

ဆိုင်ကယ် ၂ စီး မျက်နှာချင်းဆိုင်တိုက်မှုမှာ နိုဝင်ဘာ ၂၅ ရက်နေ့မွန်းလွဲ ၁ နာရီခွဲ အချိန်အင်းတော်မြို့မရဲစခန်းမှ ရဲအုပ်သန်းထွန်းလှိုင်သည် ရွှေဘို-မြစ်ကြီးနားကားလမ်း လယ်ပြင် ရွာအနီးမှာ ဆိုင်ကယ်နှစ်စီးမျက်နှာချင်း ဆိုင်တိုက်မိတဲ့သတင်းအရ   သွားရောက်စစ်ဆေးရာ မိုင်တိုင် အမှတ်၂၂၁/၅ နှင့်၂၂၂ ကြားတွင်အင်းတော်မှ နတ်မဟုတ်ကြီးရွာဘက်သို့ ယာဉ်မောင်း ငြိမ်းချမ်းသူမောင်းနှင်လာတဲ့ ဆိုင်ကယ်နဲ့ နတ်မဟုတ်ကြီး ရွာဘက်မှ အင်းတော်ဘက်သို့ ကျော်သူရ မောင်းနှင်ပြီး နောက်မှ စည်သူလွင်တို့လိုက်ပါလာတဲ့ ဆိုင်ကယ်တို့ မျက်နှာချင်း ဆိုင်တိုက်မိရာ ငြိမ်းချမ်းသူရဲ လည်ပင်း၊ ဝဲယာခြေထောက်တို့တွင် ပေါက်ပြဲဒဏ်ရာနဲ့ ကျော်သူရမှာ ဦးခေါင်းပေါက်ပြဲ ဒဏ်ရာ၊ စည်သူလွင်တွင်ဝဲယာခြေထောက် နာကျင်ဒဏ်ရာနဲ့ ဦးခေါင်းနာကျင်ဒဏ်ရာတို့ရရှိခဲ့ကြောင်း စစ်ဆေးတွေ့ရှိတဲ့အတွက် ဥပဒေအရ အရေးယူပေးပါဖို့ ရဲအုပ်သန်းထွန်းလှိုင်မှ တရားလိုပြုလုပ် တိုင်ကြားထားပါတယ်။

ဆိုင်ကယ် ၂ စီးမျက်နှာချင်းဆိုင်တိုက်မိတဲ့အတွက် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ အင်းတော် မြို့နယ် နတ်မဟုတ်ကြီးရွာနေသူ ငြိမ်းချမ်းသူ (၁၇ နှစ်) အင်းတော်မြို့ပြည်သူ့ဆေးရုံသို့ တင်ပို့ ကုသစဉ် နိုဝင်ဘာ ၂၆ ရက် မနက် ၄ နာရီလောက်က သေဆုံးခဲ့ပါတယ်။

မဆင်မခြင်မောင်းနှင်သူ ငြိမ်းချမ်းသူ နဲ့ ကျော်သူရ ၂၂ ဘဦးကျော်သောင်း အရှေ့ကုန်းရွာ ဗန်းမောက်မြို့နယ်နေသူတို့ကို အင်းတော်မြို့မရဲစခန်းမှယာဉ်(ပ)၃၀/၂၀၁၆ ပြစ်မှု ၃၀၄-က အရ အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။

သတင်း - ကိုကိုလင်း(အင်းတော်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013