DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံး ဗုံးပေါက်ကွဲမှု သံသယရှိသူ ၂ ဦးကို ဖမ်းဆီးစစ်ဆေးနေ
DVB
·
November 26, 2016
ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံး ဗုံးပေါက်ကွဲမှု သံသယရှိသူ ၂ ဦးကို ဖမ်းဆီးစစ်ဆေးနေ
Donate to DVB

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအတွင်း မနေ့ညနေပိုင်းက အသေးစားပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပြီး နောက်ပိုင်း သံသယရှိသူ တရားခံ ၂ ဦးကို ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့ဆီက သတင်းရရှိပါတယ်။

မနေ့က ပေါက်ကွဲဖြစ်ချိန်မှာဘဲ ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံး ထွက်ပေါက်တံခါးတွေကို တန်းပိတ် လိုက်ပြီး ရှာဖွေရာမှာ ဒီရုံးထဲမှာပဲ သံသယရှိသူ အမျိုးသမီး ၂ ဦးကို ဖမ်းဆီးစစ်ဆေးနေတာပါ။

အသေးစိတ်အချက်အလက်ကိုတော့ ရဲတပ်ဖွဲ့က ပြောဆိုခြင်း မရှိသေးပါဘူး။ ဒီနေ့ မနက်ပိုင်း သတင်းတွေအရတော့ ထွက်ပြေးနေတဲ့ အမျိုးသား ၂ ဦးကို သင်္ကန်းကျွှန်းမြို့နယ်ဘက်မှာ ဖမ်းမိထားတယ်လို့ သိရပေမယ့် သီးခြားအတည်ပြုချက် မရရှိသေးပါဘူး။

ရန်ကုန်မှာ အသေးစားပေါက်ကွဲမှုဖြစ်စဉ်ကတော့ အခုလအတွင်း မနေ့ကအထိ ၄ ကြိမ်ရှိနေပြီး ဒီထဲမှာ အစိုးရရုံး ၂ ရုံး ပါဝင်ပါတယ်။

တိုင်း လ၀က ရုံးလှေကားရင်းရှိ အမှိုက်ပုံးထဲကနေ M-150 ပုလင်း အသုံးပြု လက်လုပ်ဗုံး အမျိုးအစား တလုံးပေါက်ကွဲခဲ့တာဖြစ်ပြီး နောက်တလုံးကိုတော့ လုံခြုံရေးတပ်ဖွဲ့က ဖောက်ခွဲပစ်ခဲ့ တာ ဖြစ်ပါတယ်။

ဒဂုံမြို့နယ်ကျောက်စိမ်းခန်းမ ရဲဘားတိုက် အနီးမှာ မနေ့ ညနေ ၆ နာရီခန့်က ဗုံး ၂ လုံး ၁၀ မိနစ်ခြား တခါစီပေါက်ကွဲခဲ့ပြီး မပေါက်ကွဲတဲ့ လက်ကျန် ဗုံးတလုံးကို တွေ့ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်က ဒီဗွီဘီကို ပြောကြားပါတယ်။

M-150 ပုလင်း အသုံးပြု လက်လုပ်ဗုံးအမျိုးအစားတွေနဲ့ အသေးစားပေါက်ကွဲမှုတွေ အခုရက်ပိုင်း ရန်ကုန်မြို့ထဲမှာ ဖြစ်ပွားလာခဲ့တာ လေးကြိမ်ရှိနေပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013