Home
မြန်မာသတင်း
အမျိုးသမီး ၁ ဦး၏ အတွင်းခံဘောင်းဘီတွင်းဝှက်ထားသည့် စိတ်ကြွဆေးပြားများ ရှာဖွေတွေ့ရှိ
DVB
·
November 26, 2016
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် ဇ၀ဲကျေးရွာအုပ်စု၊ ပြင်ဝန်းကျေးရွာတွင် အမျိုးသမီး ၁ ဦးထံကနေ ခန္ဓာကိုယ်တွင်း ဝတ်ဆင်ထားတဲ့ အတွင်းခံဘောင်းဘီအတွင်းမှ စိတ်ကြွဆေးပြားတွေ ရှာဖွေ ဖမ်းဆီးရမိခဲ့တယ်လို့ တနင်္သာရီမြို့မရဲစခန်းရုံးက သိရပါတယ်။ တနင်္သာရီမြို့နယ်၊ ဇ၀ဲကျေးရွာအုပ်စု ပြင်းဝန်းကျေးရွာမှာ နိုဝင်ဘာလ ၂၅ ရက်နေ့မှာ မူးယစ်ဆေးဝါး ရောင်း/ ၀ယ်နေကြောင်း သတင်းအရ မူးယစ်ဆေးဝါး ရှာဖွေခွင့် ၀ရမ်းအမှတ် (၁၈/ ၂၀၁၆) နဲ့ ၀င်ရောက်ရှာဖွေရာ ပြင်ဝန်းကျေးရွာနေ မမူမူအေးထံကနေ အမျိုးသမီးသက်သေ ကျန်းမာရေးမှူး ဒေါ်ခင်နီတာမှ စစ်ဆေးရှာဖွေရာ ခန္ဓာကိုယ်တွင် ဝတ်ဆင်ထားတဲ့ ဘောင်းဘီအတွင်းမှ wy စာတန်းပါ စိတ်ကြွဆေးပြား ၄၉ ပြားကို တွေ့ရှိခဲ့တာလို့ ဒုရဲအုပ် ကျော်ငြိမ်းက ပြောပါတယ်။ ခန္ဓာကိုယ်အတွင်း ရှာဖွေ ဖမ်းဆီးရမိတဲ့ wy စာတန်းပါ စိတ်ကြွဆေးပြားတဲ့ ရောင်း/ ၀ယ်ပြုလုပ်သူ မူမူအေးကို တနင်္သာရီမြို့မရဲစခန်းရုံးမှ မယ (ပ) ၃၅/ ၂၀၁၆၊ မူး/ စိတ်ပုဒ်မ ၁၅/ ၁၉ (က) အရ အမှုဖွင့် အရေးယူ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ သတင်း - ကိုဘိတ်၊ ဓာတ်ပုံ - တနင်္သာရီမြို့မရဲစခန်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024