ဥရောပနိုင်ငံတွေမှာ အောင်မြင်မှုရရှိတဲ့ တရုတ် ဆင်ဖိုနီသံစုံတီးဝိုင်း
DVB
·
November 11, 2011
၁၉၅၈ ခုနှစ်မှာ ထူထောင်ခဲ့တဲ့ တရုတ်ပြည်က ဇီရ်ဂျန်း ဆင်ဖိုနီ သံစုံတီးဝိုင်းအဖွဲ့ဟာ တကမ္ဘာလုံးကို လှည့်လည်ဖျော်ဖြေရတဲ့ အဖွဲ့ကြီးဖြစ်လာပါတယ်။ မကြာသေးခင်က ဥရောပတခွင်ကို လှည့်လည်ဖျော်ဖြေခဲ့ပြီး၊ ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့ကိုလည်း ရောက်ရှိခဲ့ပါ တယ်။ ဆွီဒင် ပရိတ်သတ်တွေရှေ့မှာ အရှေ့တိုင်းနဲ့ အနောက်တိုင်း တေးဂီတတွေကို ကျယ်ကျယ်ပြန့်ပြန့် ပေါင်းစပ် ဖျော်ဖြေခဲ့တဲ့ အကြောင်း သံစုံတီးဝိုင်းမှာ လိုက်ပါသွားတဲ့ သတင်းထောက် ‘ရစ် ဝါဆာမန်’ (Ric Wasserman )က သတင်းပေးပို့ထားတာကို နားဆင်ရမှာဖြစ်ပါတယ်။ ဒီဘာသာပြန် သတင်းဆောင်းပါးကို ယုယမိုးက စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။ အသံဖိုင်မှာနားဆင်နိုင်ပါတယ်။