DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ မွန်ပြည်သစ်ပါတီနှင့် တွေ့
DVB
·
November 14, 2011
ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ မွန်ပြည်သစ်ပါတီနှင့် တွေ့
1 / 2
Donate to DVB

မွန်ပြည်နယ်အစိုးရရဲ့ ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့တဖွဲ့နဲ့ မွန်ပြည်သစ်ပါတီရဲ့ ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင်တွေ မွန်ပြည်သစ်ပါတီရဲ့ ​ရေးချောင်းဖျား ဌာနချုပ်မှာ ဒီကနေ့ တွေ့ဆုံပါတယ်။

လာရောက် ဆွေးနွေးတဲ့ ငြိမ်းချမ်းရေး အကျိုးဆောင်တွေကတော့ ကော်ပလိုင်း ဆရာတော်၊ မွန်ပြည်သစ်ပါတီရဲ့ ဗဟိုကော်မတီဝင်ဟောင်း နိုင်တင်အောင်နဲ့ ဦးစိုးမြင့်၊ နောက် မုဒုံမြို့နယ်က ဒေါက်တာ မင်းကြည်ဝင်းနဲ့ နိုင်သစ်လွင်တို့ ပါဝင်တယ်လို့ သိရပါတယ်။

မွန်ပြည်နယ် အစိုးရကနေပြီး ဒီငြိမ်းချမ်းရေးအဖွဲ့ကို စေလွှတ်တာလို့လည်း မော်လမြိုင် မွန်နိုင်ငံရေး အသိုင်းအ၀ိုင်းက ပြောပါတယ်။

အခုလို အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေ ရောက်လာချိန်ဟာ  ရေးချောင်းဖျား ဌာနချုပ်မှာ မွန်ပြည်သစ်ပါတီရဲ့ ဗဟိုအလုပ်မှုဆောင်အဖွဲ့ရဲ့ အစည်းအဝေး လုပ်နေချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

မွန်ပြည်သစ်ပါတီရဲ့ ဗဟိုအစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးတာကို အရင်က တပါတီတည်း အနေနဲ့ ဆွေးနွေးမှာ မဟုတ်ဘဲ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် (ယူအန်အက်ဖ်စီ) အနေနဲ့သာ ဆွေးနွေးမှာဖြစ်ပေမယ် အခု ပေါ်လစီပြောင်းလဲနေတယ်လို့လည်း မွန်ပြည်သစ်ပါတီရဲ့ ဗိုလ်မှူးကြီးဟောင်း နိုင်ကောင်းရွတ်က ပြောပါတယ်။

“ဒီလိုတော့ရှိတယ်။ မွန်ပြည်သစ်ပါတီက ယူအန်အက်ဖ်စီ အဖွဲ့ဝင်ဖြစ်တဲ့အခါကျတော့ ယူအန်အက်ဖ်စီ တပ်ပေါင်းစုရဲ့ သဘောအတိုင်းပဲ အပစ်အခတ်ရပ်စဲရေး လုပ်တာတို့၊ နိုင်ငံရေးဆွေးနွေးပွဲ လုပ်တာတို့က ကျနော်တို့က ဗဟိုအစိုးရအနေနဲ့သာ ဆွေးနွေးမယ်။ မွန်ပြည်သစ်ပါတီ တဖွဲ့ချင်းနဲ့ မဆွေးနွေးဘူး။ အဲလိုတော့ပြောထားတယ်။ အရင်တုန်းက `ရေး´ မှာသွားတွေ့တော့လည်း ကျနော်တို့ ဒီသဘောထားကိုပဲ ပြောတယ်။ အခုတော့ နည်းနည်းပြောင်းလဲနေတဲ့ သဘောတော့ရှိတယ်။ ဘယ်လိုပြောင်းလဲသလဲဆိုတော့ ဒီကနေ့ ကေအန်ယူက ငြိမ်းချမ်းရေးအတွက် ဆွေးနွေးတဲ့အခါ ကရင်ပြည်နယ် အစိုးရနဲ့ မဆွေးနွေးဘဲနဲ့ နေပြည်တော် ဗဟိုအစိုးရနဲ့ သွားပြီးတော့ ဆွေးနွေးတယ်ဆိုတဲ့ သဘောမျိုးပေါ့။ အဲဒါက နည်းနည်းပြောင်းလဲတဲ့ အခါကျတော့ မွန်ပြည်သစ်ပါတီအနေနဲ့ ဗဟိုအစိုးရနဲ့ တိုက်ရိုက်ဆွေးနွေးတဲ့ သဘောမျိုး ပြောင်းသွားနိုင်သလားလို့ ကျနော်တို့ ခန့်မှန်းပြီး တွက်ဆလို့ ရတယ်။”

မွန်ပြည်သစ်ပါတီဟာ မြန်မာစစ်အစိုးရနဲ့ ၁၉၉၅ ခုနှစ်မှာ အပစ်အခတ်ရပ်စဲရေး လုပ်ခဲ့ပြီး နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် ပြောင်းလဲဖွဲ့ရေးမှာ သဘောမတူခဲ့တဲ့အတွက် ၂၀၁၀ စက်တင်ဘာလမှာ ဆက်ဆံရေးရုံးတွေ ပိတ်ပစ်ပြီး အခြေအနေတွေက တင်းမာလာခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013