DVB Logo
Home
မြန်မာသတင်း
နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ ကလေးမြို့တွင် ကျင်းပ
DVB
·
November 25, 2016
နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ ကလေးမြို့တွင် ကျင်းပ
1 / 5
Donate to DVB

နိုဝင်ဘာလ ၂၅ ရက်မှာ ကျရောက်တဲ့ နိုင်ငံတကာ အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှု ပပျောက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ကလေးမြို့ သိမ့်ခန်းမတွင် ကျင်းပခဲ့ပါတယ်။

အခမ်းအနားကို ကလေးမြို့မှာရှိတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေအပြင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ရဲတပ်ဖွဲ့ အုပ်ချုပ်ရေး အမျိုးသမီးရေးရာအဖွဲ့ စတာတွေပါ တက်ရောက်ခဲ့ပါတယ်။

ဒီနေ့ကျင်းပတဲ့ ပွဲကိုတော့ အားလုံးကို ဒီနေ့လေးရှိတယ်ဆိုတာ သိစေချင်တာပါ။ နောက်ပြီး မိန်းကလေးတွေရဲ့ နစ်နာမှုတွေ အကြမ်းဖက်ခြင်းဆိုင်ရာ အသိပညာပေးမှုတွေ လုပ်သွားမယ် လို့ အမျိုးသမီးရေး လှုပ်ရှားမှုတွေ ဆောင်ရွက်နေတဲ့ One Star အရပ်ဖက်အဖွဲ့ အတွင်းရေးမှူး မလှလှ က ပြောပါတယ်။

အခမ်းအနားမှာ စစ်ဖြစ်ရာဒေသ အမျိုးသမီးအကြမ်းဖက်ခံရမှု စစ်တမ်းတွေ အရပ်ဖက်အဖွဲ့အစည်းများရဲ့ သဘောထား စာတမ်းတွေကို ဖတ်ကြားခဲ့ပါတယ်။

"အခုလို ကလေးဒေသမှာ အဖွဲ့အစည်းတွေ အားကောင်းတာ တွေ့ရတဲ့အတွက် အထူးဝမ်းသာမိတယ်။ ၂၀၁၂ လောက်က ကလေးမှာ အမျိုးသမီးအကြမ်းဖက်ခံရမှုတွေအတွက် အမျိုးသမီးတွေ အားကိုးစရာ အဖွဲ့အစည်း မရှိခဲ့ဘူး" လို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန့်ဝေကျော်က ပြောပါတယ်။

အခမ်းအနားမှာ တက်ရောက်လာသူတွေက အကြမ်းဖက်မှုအမြင်တွေကို ဖလှယ်ဆွေးနွေးခဲ့ပြီး "အချို့က ထင်ကြတယ် အမျိုးသမီးတွေအကြမ်းဖက်မှုတွေမှာ သူတို့တွေအတွက် ဥပဒေအကာကွယ်မပေးဘူးတို့ မရှိဘူးတို့ပေါ့။ ဒါပေမယ့် အမျိုးသမီး တွေအတွက် တကယ်တော့ ပြစ်မှုဆိုင်ရာ ဥပဒေတွေနဲ့ တိတိကျကျ ကာကွယ်ပေးထားပါတယ်” လို့ ကလေးမြို့မ ရဲစခန်း စခန်းမှူး ဒုရဲမှူး သက်နိုင်ဦးက ပြောပါတယ်။

နိုင်ငံတကာ အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှု ပပျောက်ရေးနေ့ ကို တရားမျှတမှုအတွက် အမျိုးသမီးများ အဖွဲ့က ဦးဆောင် ပြုလုပ်ခဲ့တာပါ။

မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013