DVB Logo
Home
မြန်မာသတင်း
တံတား ချဉ်းကပ်လမ်း ပျက်စီးနေမှုကြောင့် ဒေသခံပြည်သူများ အခက်ကြုံ
DVB
·
November 25, 2016
တံတား ချဉ်းကပ်လမ်း ပျက်စီးနေမှုကြောင့် ဒေသခံပြည်သူများ အခက်ကြုံ
Donate to DVB

တိုက်ကြီးမြို့နယ် ရေပေါ်သောင်းတံတား  ချဉ်းကပ်လမ်း ပျက်စီးနေတဲ့အတွက် ဒေသခံပြည်သူ တွေ သွားလာရေး အခက်ကြုံနေရပါတယ်။

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ် မင်းလှကျေးရွာအုပ်စု ရေပေါ်သောင်းတံတား ၁၉၄၀ ပေ အရှည်ရှိပြီး သြဂုတ်လ ပထမပတ်မှာ ရေကြီး ရေလျှံတဲ့ အတွက်  တံတားလမ်းမခုံးတွေ ရေတိုက်စားပျက်စီးခဲ့လို့ လမ်းပန်းဆက်သွယ်ရေး မကောင်းတဲ့ အတွက် မင်းလှဝကျေးရွာအုပ်စုပိုင် ကျေးရွာ ၉ ရွာ မှ ဒေသခံတောင်သူတွေနဲ့ ကျောင်းသူ၊ ကျောင်းသားတွေ သွားလာရေး အခက်ကြုံနေရတာပါ။

ရေပေါ်သောင်း တံတား တာမခုံးတွေကို ဆောက်လုပ်ရေးဝန်ကြီးဌာနက အောက်တိုဘာ ပထမအပတ်မှ စတင်ပြီး ကြံ့ခိုင်မှုကောင်းအောင် ပြုပြင်နေပါတယ်။

“ချဉ်းကပ်လမ်းက ပျက်စီးနေပါတယ်။ ပြုပြင်ခြင်း လုံးဝမရှိပါဘူး။ ကျနော်တို့ ကျေးရွာသူ၊ ကျေးရွာသားတွေ ဒေသထွက်ကုန်း စပါးတွေ ကိုင်းထွက်ပစ္စည်းတွေ သယ်ယူစရိတ်က ရေပေါ်သောင်း တံတားပေါ်တက်ဖို့ စပါးတစ်တင်းကို ဝန်ဆောင်မှု အနေနဲ့ ၃၀၀ ပေးနေရပါတယ်။ ကျောင်းသူ၊ ကျောင်းသားတွေ သွားရေးလာရေးကအစ အခက်ကြုံနေရတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

မင်းလှဝကျေးရွာတွင် ကျေးရွာခွဲပေါင်း ၉ ရွာရှိပြီး အိမ်ထောင်စု ၅၉၂ ရှိပြီး လူဦးရေ ၂၄၀၀ ကျော်ရှိကြောင်း ဒေသခံပြည်သူများ ကျောင်းသူ၊ ကျောင်းသားများ အဲဒီချဉ်ကပ်လမ်းကို အမှီပြု သွားလာနေရကြောင်း ယင်းကိစ္စအား တိုက်ကြီးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးသို့ တင်ပြထားကြောင်း မင်းလှဝ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်က ပြောပါတယ်။

“ပျက်စီးနေတဲ့ ချဉ်းကပ်လမ်းကို ပြန်လည်ပြုပြင်ပေးစေချင်ပါတယ်။ ဒါမှမဟုတ် လမ်းအသစ် တည်ဆောက်ပေးစေချင်ပါတယ်။ ကျနော်တို့ ကျေးရွာ က စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေးတွေအတွက် ရေပေါ်သောင်းတံတား ချဉ်ကပ်လမ်းကို အဓိက အားထားနေရတာ ခုလို ပျက်စီးနေတော့ စက်ဘီး၊ ဆိုင်ကယ်နဲ့ ကားသွားလာရေး တော်တော်ဘေး ဒုက္ခရောက်နေရ ပါတယ်။ ပြန်လည်ပြုပြင်ပေးဖို့တော့ ကျနော်တို့ ပြည်သူတွေ လိုလားနေပါတယ်။ နိုင်ငံတော်အကြီးအကဲတွေ ကျနော်တို့ မင်းလှဝကျေးရွာအုပ်စုကို လာကြည့်စေချင်ပါတယ်” လို့ အသက် ၅၀ ခန့်ရှိ ဒေသခံ အမျိုးသားတဦးက ပြောပါတယ်။

သတင်း - မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013