DVB Logo
Home
မြန်မာသတင်း
မင်းပြားဈေးမီး ကျပ်သိန်း ၈၅၀၀ ကျော် ဆုံးရှုံး
DVB
·
November 14, 2011
Donate to DVB

ရခိုင်ပြည်နယ် မင်းပြားမြို့က အကြီးဆုံးဈေး စနေနေ့က လောင်ကျွမ်းခဲ့ပြီး ကျပ်သိန်းပေါင်း ၈၅၀၀ ကျော် ဆုံးရှုံးသွားတယ်လို့ မင်းပြားမြို့ ရဲစခန်းက ပြောပါတယ်။

စနေနေ့ည ဈေးပိတ်ချိန် ည ၇နာရီခွဲဝန်းကျင်ခန့်မှာ ဈေးအတွင်းထဲကနေ စတင်လောင်ကျွမ်းတာဖြစ်ပြီး ဈေးတခုလုံး ပြာကျသွားတယ်လို့ မြို့ခံတဦးက ပြောပါတယ်။

“အခြေအနေကတော့ အားလုံး​ ​ပြာကျသွားတာပေါ့။ အခုလက်ရှိက ဈေးသူဈေးသားတွေ အကုန်လုံးက စီးပွားရေးလုပ်ငန်းတွေ​ အားလုံးက​ ​ဈေးမှာပါသွားတယ်။ ​ဈေးမှာ​ ရင်းနှီးမြှုပ်နှံမှုတွေထားတော့ အကုန်လုံးမီးလောင်သွားတော့ လူတွေက အကုန်လုံး​ ဒုက္ခရောက်နေကြတယ်။ နဂိုကလို ဈေးဆိုင်တွေပြန်လည် ဖွင့်ဖို့ ထူထောင်ဖို့တော့ အခြေအနေလုံးဝ မရှိပါဘူးခင်ဗျ။”

မင်းပြားမြို့မှာ မီးသတ်ဌာနလည်း မရှိသလို မီးသတ်ကားကလည်း စက်နှိုးလို့မရတဲ့ အစုတ်တစီးပဲ ရှိတယ်လို့ ဆိုပါတယ်။

ညဘက် ဈေးပိတ်ချိန်၊ ဈေးအတွင်းပိုင်းကနေ စတင်လောင်ကျွမ်းတာလို့ မြို့ခံတွေက ယူဆနေကြပြီး မီးလောင်တဲ့အကြောင်းရင်းကို မသိရသေးပါဘူး။

ဈေးပိတ်ချိန်ဖြစ်လို့ လူတွေ ထိခိုက်ဒဏ်ရာရတာလည်း မရှိဘူးလို့ သိရပါတယ်။

ကမ်းနားလမ်းမှာရှိတဲ့ မြို့မဈေးဟာ မင်းပြားမြို့နယ်က အကြီးဆုံးဈေးဖြစ်ပြီး စည်ပင်သာယာဌာနရဲ့ စာရင်းအရ ဆိုင်ခန်းပေါင်း ၅၇၀ ကျော်နဲ့ ပျံကျဆိုင်တွေပါဆိုရင် ၁၂၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။ ဒီဈေးဟာ ၁၉၇၄ ခုနှစ်ကလည်း လောင်ကျွမ်းဖူး​ပါ​တယ်​။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013