DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးစစ်ဆေးစဉ်အချုပ်သားသေဆုံးမှုဖြင့် ရဲ ၇ ဦးကို ထောင်ဒဏ် ၈ နှစ်စီချမှတ်
DVB
·
November 25, 2016
ဖမ်းဆီးစစ်ဆေးစဉ်အချုပ်သားသေဆုံးမှုဖြင့် ရဲ ၇ ဦးကို ထောင်ဒဏ် ၈ နှစ်စီချမှတ်
Donate to DVB

မွန်ပြည်နယ် သထုံမြို့မရဲစခန်းမှာ အချုပ်သားတဦးစစ်ဆေးစဉ် သေဆုံးခဲ့ရမှုနဲ့ သထုံခရိုင် မှုခင်းအကူဌာနက ရဲတပ်ဖွဲ့ဝင် ၇ ဦးကို အလုပ်နဲ့ ထောင်ဒဏ် ၈နှစ်စီ ပြစ်ဒဏ်တွေ အသီးသီး ချမှတ်လိုက်တယ်လို့ ဒီကနေ့ထုတ် နိုင်ငံပိုင်သတင်းစာမှာဖော်ပြပါတယ်။

ပြီးခဲ့တဲ့ မတ် ၂ ရက်က သထုံမြို့ ဘင်လှိုင်ရပ်ကွက်ရှိ ချမ်းမြေ့ တည်းခိုခန်းမှာ ဖြစ်ပွားခဲ့တဲ့ ငွေကျပ် ၁၁၃၆ဝ၇ဝဝ ပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး တည်းခိုခန်း မန်နေဂျာ ကျော်သက်အောင် (၃၂ နှစ်)ဟာ သထုံမြို့မ ရဲစခန်းမှာ ချုပ်နှောင်ခံထားရပြီး စစ်ဆေးစဉ် မတ် ၂၁ ရက်က သေဆုံးသွားခဲ့တာပါ။

ကျော်သက်အောင် သေဆုံးခဲ့ရတာဟာ အသည်းပေါက်ပြဲ ဒဏ်ရာကြောင့် ဝမ်းဗိုက်ထဲသွေးယိုစိမ့်ကာ သွေးထွက်လွန်သေဆုံးရတာဖြစ်ပြီး ၊ တုံးတဲ့အရာဝတ္ထုကြောင့် ပြင်း ထန်တဲ့ဒဏ်ရာရှိကာ သေဆုံးခဲ့တာလို့ သထုံပြည်သူ့ဆေးရုံရဲ့ ဆေးစာအရသိရတယ်လို့ ဆိုပါတယ်။

အချုပ်သားကို စစ်ဆေးရာမှာ ပါဝင်ခဲ့တဲ့ သထုံခရိုင် မှုခင်းအကူဌာနမှ ဒုရဲအုပ် လှိုင်ဝင်းထွန်း၊ ရဲတပ်ကြပ်ကြီး ဥာဏ်စိုး၊ ရဲတပ်ကြပ် ကိုကိုဆွေ၊ ရဲတပ်ကြပ် ဝင်းညွန့်၊ ရဲတပ်ကြပ် စိုးအောင်၊ ရဲတပ်ကြပ် အောင်ကိုလတ်နဲ့ သထုံမြို့မရဲစခန်းမှ ရဲတပ်ကြပ်တင်ထွေး စုစုပေါင်း ၇ ဦးကို သထုံမြို့မရဲစခန်းမှူး ဒုရဲမှူးထွန်းသိန်းက တရားလိုပြုလုပ်ကာ ပြစ်မှုဆိုင်ရာပုဒ်မ ၃ဝ၂/၁၁၄ နဲ့ အမှုဖွင့်တရားစွဲဆိုထားရာမှာ ရုံးချိန်းပေါင်း ၃ဝ အပြီး နိုဝင်ဘာ ၂၃ ရက်မှာ သထုံခရိုင်တရားရုံးက အမိန့် ချမှတ်ခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013