အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေး နေပြည်တော်တွင်ကျင်းပ
DVB
·
November 25, 2016

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအလုပ်အမှုဆောင် ပုံမှန်အစည်းအဝေးကို ဒီကနေ့ မနက် ၁၁ နာရီက နေပြည်တော်စည်ပင်ဧည့်ရိပ်သာဝန်းအတွင်းက ယူနီဆန် စားသောက်ဆိုင်မှာ ပြုလုပ်နေပါတယ်။
အခုအစည်းအဝေးကို အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်တွေဖြစ်တဲ့ ဦးဝင်းထိန်၊ ဦးဝင်းမြင့်၊ ဦးထွန်းထွန်းဟိန်၊ ဒေါက်တာဇော်အေးမောင်၊ ဒေါက်တာအောင်မိုးညို၊ မန်းဂျော်နီ၊ ဦးဖြိုးမင်းသိန်း၊ ဦးညီပု၊ ဦးဟံသာမြင့်၊ ဒေါ်နန်းခင်ထွေးမြင့်၊ ဒေါက်တာမေဝင်းမြင့်တို့ တက်ရောက်နေပါတယ်။