DVB Logo
Home
မြန်မာသတင်း
ဆိုင်ကယ် ၂ စီး မျက်နှာချင်းဆိုင်တိုက်၊ အဝေးသင်ကျောင်းသား ၁ ဦးသေဆုံး
DVB
·
November 24, 2016
ဆိုင်ကယ် ၂ စီး မျက်နှာချင်းဆိုင်တိုက်၊ အဝေးသင်ကျောင်းသား ၁ ဦးသေဆုံး
Donate to DVB

ဟင်္သာတမြို့နယ်မှာ မနေ့ ညက ဆိုင်ကယ် ၂ စီး မျက်နှာချင်းဆိုင် တိုက်မိတဲ့အတွက်  အဝေးသင်ကျောင်းသားတဦး သေဆုံးခဲ့ပါတယ်။

နိုဝင်ဘာလ ၂၃ ရက် ည ၈ နာရီအချိန်မှာ ဟင်္သာတမြို့နယ် အင်္ဂပိုလ်လမ်းမပေါ်မှာ ဟင်္သာတမြို့ဘက်မှ လယ်တီကွင်းဘက်သို့ ဇော်ထက် မောင်းနှင်ပြီး အဝေးသင်ကျောင်းသား သန့်ဇင်နိုင်တို့ စီးနင်းလိုက်ပါတဲ့ ဆိုင်ကယ်နဲ့ စိုးအောင် မောင်းနှင်ပြီး အောင်သက်နဲ့ လှိုင်ဝင်းဦးတို့ ၃ ဦး စီးနင်းလာတဲ့ ဆိုင်ကယ်တို့  မျက်နှာချင်းဆိုင် တိုက်မိရာမှ ဇော်ထက် မောင်းနှင်ပြီး ဇလွန်မြို့နယ် ပက်တန်းအုပ်စု ပန္နယာကျေးရွာနေသူ စတုတ္ထနှစ်မြန်မာစာ (အဝေးသင်)တက်ရောက်နေတဲ့ သန့်ဇင်နိုင် (အသက် ၂၂ နှစ်) ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာ ၁ ချက်နဲ့ ယာဘက်မျက်လုံးဖူးယောင်ပေါက်ပြဲဒဏ်ရာ တချက်ရရှိကာ သေဆုံးခဲ့ပါတယ်။

ဆိုင်ကယ်မောင်းနှင်သူများဖြစ်တဲ့ ဇော်ထက်နဲ့ စိုးအောင်တို့ ၂ ဦးကို ဥပဒေအရ အရေးယူပေးဖို့ ရဲအုပ်ဇော်လင်းထွန်းမှ တရားလိုပြုလုပ်ပြီး ဟင်္သာတအမှတ်(၁) မြို့မ ရဲစခန်းတွင် ယာဉ်(ပ) ၇၁/၂၀၁၆ ရာဇသတ်ကြီး ပုဒ်မ ၃၀၄ က/၃၃၇/၂၇၉ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

တရားခံဇော်ထက်ကို ဖမ်းဆီးထားပြီး စိုးအောင်မှာ ဆေးရုံတက်ကုသနေရတဲ့အတွက် ဆေးရုံမှ ဆင်းလျှင်ဖမ်းဆီးပြီး ရဲလုပ်ငန်းစဉ်တွေကို လုပ်ထုန်းလုပ်နည်းနဲ့အညီ ဆောင်ရွက် သွားမယ်လို့ တာဝန်ရှိ ရဲအရာရှိတဦးက ပြောပါတယ်။

သတင်း၊ ဓာတ်ပုံ - ကိုကြက် (ဟင်္သာတ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013