DVB Logo
Home
မြန်မာသတင်း
ရှမ်းမြောက်ပိုင်း ပစ်ခတ်တိုက်ခိုက်မှုများကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် ၀ တိုက်တွန်း
DVB
·
November 24, 2016
ရှမ်းမြောက်ပိုင်း ပစ်ခတ်တိုက်ခိုက်မှုများကို  နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် ၀ တိုက်တွန်း
Donate to DVB

မြန်မာနိုင်ငံမြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ ပစ်ခတ်တိုက်ခိုက်မှုတွေကိုရပ်စဲပြီး နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်က ကြေညာချက်ထုတ်ပြန် တိုက်တွန်း လိုက်ပါတယ်။

ဝတပ်ဖွဲ့ရဲ့ နိုဝင်ဘာလ ၂၄ ရက် ဒီနေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ကြေညာချက်ထဲမှာ မြန်မာ့ တပ်မတော်နဲ့ NMDAA၊ TNLA၊ AA နှင့် KIA တို့ပူးပေါင်းဖွဲ့စည်းထားတဲ့ မြောက်ပိုင်း မဟာမိတ်တပ်မတော်တို့ အနေနဲ့အခြေအနေအားလုံး ပေါ်မှာစဉ်းစားပေးပြီး နှစ်ဘက် အမြန်ဆုံး အပစ်ရပ်ကြဖို့၊ မြန်မာ-တရုတ်နယ်စပ် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးပြန်လည်ရရှိအောင် လုပ်ဆောင်ဖို့ တိုက်တွန်းတယ်လို့ တရုတ်ဘာသာနဲ့ ဖော်ပြပါတယ်။

ဝပြည်သွေးစည်းညီညွတ်ရေးတပ်ရဲ့ လားရှိုးရုံးဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းက “ဒီလိုမျိုး အခင်းအကျင်းဖြစ်တဲ့ဥစ္စာကို လက်နက်နဲ့ မဖြေရှင်းဘဲနဲ့ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ တွန်းအားပေးတယ်။ တိုက်တွန်းတယ်။ အဲလိုမျိုး စစ်ရေးနဲ့ နိုင်ငံအရေးဖြေရှင်းခဲ့လို့ နှစ် လေးငါးခြောက်ဆယ်ရှိပြီ ပေါ့နော်။ ဘာမှအကျိုးလည်း ဖြစ်မပေါ်လာဘူးပေါ့နော်။ အဲဒါ နိုင်ငံရေး နည်းနဲ့ဆွေးနွေးဖို့၊ ၀အနေနဲ့ ဘယ်လိုအခန်းဂဏ္ဍကနေ ပါဝင်ကူညီရမလဲဆိုတာ ပြောတာပေါ့ နော်။”

ကာလရှည်ကြာ ဖြစ်ပွားနေတဲ့ မြန်မာပြည် ပြည်တွင်းစစ်ကို စစ်ရေးအရ မဖြေရှင်းနိုင်၊ နိုင်ငံရေး နည်းနဲ့သာ ဖြေရှင်းနိုင်မယ်လို့ လည်း ထုတ်ပြန်ပါတယ်။
UWSA ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲမှာ လက်နက်ကိုင်အင်အားအကြီးဆုံး အဖွဲ့အစည်းတခု ဖြစ်ပါတယ်။

UWSA ဌာနချုပ်ဟာ တရုတ်ပြည်နဲ့ မြန်မာပြည် အရှေ့မြောက်ဘက် နယ်စပ်ချင်း ထိနေတဲ့နေရာမှာ အခြေစိုက်ထားတာပါ။

၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလအတွင်း ကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်းညီလာခံ ၂၁ ရာစု ပင်လုံ ဒုတိယ အစည်ဝေးမှာ တန်းတူရည်တူ ပါဝင်နိုင်ရေးကိုရှေ့ရှုကာ ငြိမ်းချမ်းရေးခရီးကို အတူလက်တွဲပြီး လျှောက်လှမ်းရန် နိုင်ငံတော်အကြံပေး ဒေါ်အောင်ဆန်းစုကြည်က မနေ့က ထုတ်ပြန်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ကြေညာချက်မှာ တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013