DVB Logo
Home
မြန်မာသတင်း
နေအိမ်တွေက မစွန့်ခွာကြရန် မူဆယ်ခရိုင်အုပ်ချုပ်ရေး မေတ္တာရပ်ခံ
DVB
·
November 23, 2016
နေအိမ်တွေက မစွန့်ခွာကြရန် မူဆယ်ခရိုင်အုပ်ချုပ်ရေး မေတ္တာရပ်ခံ
Donate to DVB

တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့မှာ မြို့ခံတွေအနေနဲ့ နေအိမ်တွေကို မစွန့်ခွာဘဲ မိမိတို့နေအိမ်အသီးသီးမှာ နေထိုင်ကြဖို့ ခရိုင်အုပ်ချုပ်ရေးက မေတ္တာရပ်ခံ ပန်ကြားလိုက်ပါတယ်။

မသမာသူတွေရဲ့ ကောလာဟလ ထုတ်လွှင့်ချက်တွေကြောင့် စိုးရိမ်စိတ်လွန်ကဲပြီး နေအိမ်အသီးသီးကို စွန့်ခွာတိမ်းရှောင်သွားရင် အိမ်ဖောက်ထွင်းခိုးယူခံရနိုင်တယ်လို့လည်း အုပ်ချုပ်ရေးမှူးရုံးက သတိပေးထားပါတယ်။

မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်းက ပစ္စည်းဥစ္စာတွေ ဆုံးရှုံးမှာစိုးလို့ အခုလို ပန်ကြားချက် ထုတ်ပြန်တာဖြစ်တယ်လို့ ပြောပါတယ်။

“ပစ္စည်းဥစ္စာတွေ ဆုံးရှုံးမှာစိုးလို့ ကောလာဟလတွေ မယုံကြည်ကြဖို့ဆိုတာကို အုပ်ချုပ်ရေးပိုင်းက ပြောတာပါ။ လုံခြုံရေးဆိုင်ရာ ဘယ်လောက်အထိ စိတ်ချရမလဲဆို အကုန်လုံး လုံခြုံမှုအပြည့်အ၀ပေးရအောင် ကျနော့်မှာက လုံခြုံရေး လုပ်ဆောင်မှုအပိုင်းတွေ အများကြီး။”

မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူးရဲ့ မေတ္တာရပ်ခံပန်ကြားလွှာထဲမှာတော့ မူဆယ်မြို့ လုံခြုံရေးကို တပ်မတော်၊ ရဲတပ်ဖွဲ့နဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက တာဝန်ယူထားတယ်လို့ ဖော်ပြထားပါတယ်။

မူဆယ်ခရိုင်အတွင်း နိုဝင်ဘာ ၂၀ ရက် တိုက်ပွဲတွေကြောင့် ထောင်နဲ့ချီတဲ့မြို့ခံတွေ တရုတ်နိုင်ငံဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်နေကြရသလို နိုဝင်ဘာ ၂၂ ရက်ကလည်း မြို့တွင်းကောလာဟလတွေကြောင့် ထောင်နဲ့ချီတဲ့မြို့ခံတွေ တရုတ်ပြည်ဘက် ထွက်ပြေးတိမ်းရှောင်ခဲ့ကြပါသေးတယ်။

ဒီနေ့မှာတော့ ဈေးတွေပြန်ဖွင့်နေပြီး မူဆယ်မြို့အခြေအနေ ပုံမှန်အတိုင်း ရှိနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013