ရွှေတူးဖော်ရေးလုပ်ငန်းများရပ်ဆိုင်းရန် မိုးမိတ်မြို့တွင်ဆန္ဒပြ
DVB
·
November 23, 2016
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်၊ မိုးဟောက်ကျေးရွာအုပ်စုအတွင်း ရွှေတူးဖော်ရေးလုပ်ငန်း လုပ်ကိုင်နေတဲ့ သစ္စာပန်းနဲ့ ဓနသိဒ္ဓိကုမ္ပဏီကို လုပ်ငန်းရပ်ဆိုင်းပေးဖို့ ဒီကနေ့မနက်ပိုင်းက မိုးဟောက်ကျေးရွာအုပ်စု ဒေသခံတွေ စုပေါင်းပြီး မိုးမိတ်မြို့မှာ စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။
ဒီကုမ္ပဏီတွေဟာ ဒေသခံတွေ လုပ်ကိုင်စားသောက်နေတဲ့ ရွှေအဓိကထွက်တဲ့ မြေနေရာတွေကို လုပ်ပိုင်ခွင့်ရယူလိုက်ပြီး ရွှေတူးဖော်ရေးလုပ်ငန်းကို လုပ်ကိုင်နေလို့ ခုလို ဆန္ဒပြတာ ဖြစ်ပါတယ်။