DVB Logo
Home
မြန်မာသတင်း
မွန်ပြည်နယ် ရေးမြို့နယ်၌ သဲ၊ ကျောက်ကုန်ကြမ်းများပြတ်လပ်နေ
DVB
·
November 23, 2016
မွန်ပြည်နယ် ရေးမြို့နယ်၌ သဲ၊ ကျောက်ကုန်ကြမ်းများပြတ်လပ်နေ
Donate to DVB

မွန်ပြည်နယ် ရေးမြို့နယ်မှာ အခုနှစ်အတွင်း လမ်း၊ တံတား၊ အိမ်၊ စာသင်ကျောင်းနဲ့ ပုဂ္ဂလိကအဆောက်အဦတွေ ပိုမို တည်ဆောက်လာတဲ့အတွက် သဲ၊ ကျောက် ကုန်ကြမ်းတွေကို မှာယူသုံးစွဲတဲ့ပမာဏမြင့်မားလာပြီး သဲကျောက်လုပ်ကိုင်သူတွေ ကုန်ကြမ်းပြတ်လပ်မှုနဲ့ ကြုံတွေ့နေရပါတယ်။

လက်ရှိ သဲကျောက်တွေကို အဓိကလုပ်ကိုင်နေသူ ၃ ဦးလောက်ရှိပြီး တနေ့ကို ပျမ်းမျှ သဲ၊ ကျောက် ကုန်ကြမ်းတွေရရှိဖို့ စက်လှေတွေနဲ့ အလုပ်သမား ၂၇ ဦးလောက်က သဲကျောက်ကျင်း ၁၅ ကျင်းလောက်ကို ရှာဖွေစုပ်ယူပေးနေရတာပါ။

သတ်မှတ်ထားတဲ့ လုပ်ခွင့်ရနေရာတွေမှာ စုပ်ယူရပေမယ့် အခုအချိန်မှာ သဲကုန်ကြမ်းက ရရှိနေသေးတယ်၊ ကျောက်ကုန်ကြမ်းကတော့ လတ်တလော မရရှိဘဲ လုပ်ပိုင်ခွင့် လုပ်ငန်းလိုင်စင်ကန့်သတ်မှုတချို့ ရှိနေတဲ့အပေါ်မှာလည်း လုပ်ငန်းကြန့်ကြာမှုနဲ့ ကြုံတွေ့နေရတယ်လို့ သဲ ကျောက်လုပ်ကိုင်သူ ဦးလေးနိုင်က ပြောပါတယ်။

သဲကျောက်ကုန်ကြမ်းတွေကိုမှာယူသုံးစွဲသူ များပြားလာတဲ့အခါ လုပ်ကိုင်နေသူတွေအပေါ် ကန့်ကွက်မှုတချို့ ရှိပေမယ့်လည်း ဒေသတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ သဲ၊ ကျောက် ကုန်ကြမ်းထုတ်ယူနေရတဲ့လုပ်ငန်းဟာ အဓိကလုပ်ငန်းတခုဖြစ်ပါတယ်။

ဒေသတွင်း လက်ရှိ သဲ ၁ ကျင်းပေါက်ဈေး ၄၀၀၀ ကျပ်ဖြစ်ပြီး ကျောက် ၁ ကျင်းမှာ ၂ သောင်းကျပ်ရှိတယ်လို့ သိရပါတယ်။

နေမျိုးထွဋ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013