DVB Logo
Home
မြန်မာသတင်း
ကသာမြို့တွင် ဖုန်းဖြင့် မူးယစ်ဆေးဝါး လက်လီဖြန့်ဖြူးရောင်းချသူများ ဖမ်းမိ
DVB
·
November 23, 2016
ကသာမြို့တွင် ဖုန်းဖြင့် မူးယစ်ဆေးဝါး လက်လီဖြန့်ဖြူးရောင်းချသူများ ဖမ်းမိ
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့ပေါ်မှာ တယ်လီဖုန်းနဲ့ မူးယစ်ဆေးဝါး လက်လီဖြန့်ဖြူးရောင်းချသူ ၃ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ကသာခရိုင်ရဲတပ်ဖွဲ့မှူးရုံးက စုံစမ်းသိရပါတယ်။

နိုဝင်ဘာ ၂၂ ရက်က ကသာခရိုင် မှုခင်းနှိမ်နင်းရေးအဖွဲ့က သတင်းအရ ကသာမြို့နယ် ပြည်သာယာကျေးရွာနေ ထွန်းဝင်းလှိုင်ရဲ့ နေအိမ်ကို ၀င်ရောက်ရှာဖွေရာမှာ အိမ်မကြီးနဲ့ကပ်လျက် မြေစိုက်မီးဖိုဆောင်ရှိ မီးဖိုခုံပေါ်မှ မီးသွေးမီးဖိုအဖုံးနဲ့ အုပ်ထားတဲ့ လက်သည်းနီဖျက်ဆေးဘူးခွံအတွင်းက WY စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၆၅ ပြား တွေ့ရှိ သိမ်းဆည်းရမိခဲ့တာပါ။

တရားခံကို စစ်ဆေးမေးမြန်းရာကနေ တယ်လီဖုန်းနဲ့ဆက်သွယ်ပြီး မူးယစ်ဆေးဝါးရောင်းချသူ နောက်ထပ် ၂ ဦးကို ထပ်မံဖမ်းဆီးရမိပြီး မူးယစ်ဆေးဝါးတွေ သယ်ဆောင်ဖြန့်ဖြူးသူတွေဖြစ်တဲ့ ထွန်းဝင်းလှိုင်၊ လူအေးနဲ့ တင်ဇော်မိုးတို့ကိုပါ ကသာမြို့မရဲစခန်းက မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဥပဒေပုဒ် ၁၅/၁၉(က)/၂၁ အရ အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ကိုကိုလင်း(အင်းတော်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013