ရန်ကုန်မြို့လယ် ကမ်းနားလမ်း ညဈေးတန်း ယနေ့ဖွင့်လှစ်မည်
DVB
·
November 23, 2016

ရန်ကုန်မြို့လယ်ရှိ ကမ်းနားလမ်း ညဈေးတန်းကို ဒီနေ့ညနေ ၆ နာရီမှာ ဖွင့်လှစ်သွားမှာဖြစ်ပြီး ဆိုင်ခန်းတွေအနေနဲ့ နေ့စဉ် ညနေ ၃ နာရီမှ ည ၁၁ နာရီအထိ ရောင်းချနိုင်မှာ ဖြစ်ပါတယ်။
ဒီဈေးမှာ အစားအသောက်နဲ့ သစ်သီးတွေကို ရောင်းချပေးသွားမှာဖြစ်ပြီး လက်ရှိအချိန်ထိတော့ ဆိုင်ခန်း နေရာပေါင်း ၁၆၀၀ လောက် စီစဉ်ထားပါတယ်။
ကမ်းနားလမ်း ညဈေးတန်းဟာ ကမ်းနားလမ်းတလျှောက် မြို့နယ် ၄ မြို့နယ်ပါဝင်ပြီး ကုန်ကျစရိတ်အနေနဲ့ ကျပ်သန်းပေါင်း ၁ သောင်းခွဲကျော် ကုန်ကျတယ်လို့ သိရပါတယ်။
သတင်း၊ ဓာတ်ပုံ - ဟေမာဝင်း