DVB Logo
Home
မြန်မာသတင်း
သိန်း၂၅၀ ကျော်ဖိုးရှိ တရားမဝင်သစ်များ ကျောက်ပန်းတောင်းတွင်ဖမ်းမိ
DVB
·
November 23, 2016
သိန်း၂၅၀ ကျော်ဖိုးရှိ တရားမဝင်သစ်များ ကျောက်ပန်းတောင်းတွင်ဖမ်းမိ
Donate to DVB

မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ်မှာ ၁၂ ဘီးတပ် ကုန်တင်ယဉ်တွေနဲ့ တရားမ၀င်သစ် တန် ၂၀ လောက် တင်ဆောင်လာတာကို ဖမ်းဆီးရမိလို့ အရေးယူထားတယ်လို့  ကျောက်ပန်းတောင်းရဲစခန်းက သိရပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေက သတင်းအရ ကျောက်ပန်းတောင်းမြို့မှ ရေနံချောင်းမြို့အထွက် ကောင်းမွန်တိုးဂိတ်အနီး စောင့်ဆိုင်းနေစဉ် ချောက်မြို့ဘက်မှ ထွက်ခွာလာတဲ့ ၁၂ ဘီးတပ်ယာဉ် ၃ စီးပေါ်က ပိတောက်အပါအ၀င် တရားမ၀င်သစ်သားတုံးတွေကို ကောက်ရိုး၊ မြေပဲခွံ စပါးခွံနဲ့  ဂျက်ဖာပုံးခွံတွေ ဖုံးအုပ် တင်ဆောင်လာတာကို စစ်ဆေးတွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

ဖမ်းဆီးရမိတဲ့ ကားသုံးစီးနဲ့ ယာဉ်မောင်းတွေကို ကျောက်ပန်းတောင်းမြို့ ရဲတပ်ဖွဲ့စခန်းမှာ ဒု-မြို့နယ်မှူး ဒု-ရဲမှူး မြင့်ဇော်ဦးက တရားလိုပြုလုပ်ကာ ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေးဥပဒေ ပုဒ်မ ၆(၁) နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိတဲ့ သစ်တန်ချိန်စုစုပေါင်း ၂၀ ကျော်ခန့်ရှိနိုင်ပြီး ဒေသပေါက်ဈေးအရ တတန်ကို ကျပ် ၁၂ သိန်းခန့်ရှိကြောင်း သစ်တောဦးစီးဌာနမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013