DVB Logo
Home
မြန်မာသတင်း
မြန်မာနှင့် ထိုင်းအလှကုန် ၄ မျိုး သုံးစွဲရန်မသင့်ကြောင်း ကြေညာ
DVB
·
November 23, 2016
မြန်မာနှင့် ထိုင်းအလှကုန် ၄ မျိုး သုံးစွဲရန်မသင့်ကြောင်း ကြေညာ
Donate to DVB

မြန်မာနဲ့ ထိုင်းနိုင်ငံထုတ် အလှကုန်ပစ္စည်း ၄ မျိုးမှာ တားမြစ်ဓာတုဆေး မာကျူရီ ပါဝင်နေတဲ့အတွက် သုံးစွဲဖို့မသင့်ဘူးလို့ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက အသိပေးကြေညာပါတယ်။

ဂိုးလ်ဒ်ဖေ့စ် (Gold Face) အမျိုးသား၊ အမျိုးသမီး မျက်နှာပေါင်းတင်လိမ်းဆေး ၂ မျိုး၊ O White ထိုင်းအလှကုန် ၁ မျိုးနဲ့ ထုတ်လုပ်တဲ့နိုင်ငံ ဖော်ပြမထားတဲ့ ဂိုးလ်ဒ်ဖေ့စ် အလှကုန်တို့ဟာ မှတ်ပုံတင်မထားသလို မာကျူရီဓာတုဆေးလည်း ပါဝင်နေတဲ့အတွက် သုံးစွဲဖို့မသင့်တာလို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

မာကျူရီဓာတုပစ္စည်းဟာ အရေပြားယားယံခြင်း၊ ရောင်ရမ်းခြင်း၊ အဖြူအနီကွက်များဖြစ်ခြင်း၊ အရေပြားမှတဆင့် ခန္ဓာကိုယ်တွင်း စုတ်ယူပြီး ထုံကျင်ခြင်း၊ ကြွက်သားတုန်ခါခြင်း၊ ပင်ပမ်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်းနဲ့ စိတ်ကျရောဂါများအပြင် ရေရှည်သုံးစွဲရင် ကျောက်ကပ်ပျက်စီးနိုင်ပါတယ်။

အလှကုန်ပစ္စည်း တင်သွင်းရောင်းချတဲ့သူတွေအနေနဲ့ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာနမှာ မှတ်ပုံတင်မထားတဲ့ အလှကုန်တွေကို တင်သွင်းဖြန့်ဖြူးရောင်းချရင် ဥပဒေအရ အရေးယူမယ်လို့လည်း သတိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013