ဂီတစာဆို မြန်မာသံအဆိုတော်ကြီး ဟင်္သာတထွန်းရင် ကွယ်လွန်
DVB
·
November 21, 2016
ဂီတစာဆိုမြန်မာသံအဆိုတော်ကြီး ဟင်္သာတ ထွန်းရင် အသက် ၇၇ နှစ်ဟာ ဒီနေ့ မနက်ပိုင်းက ကွယ်လွန်သွားပါတယ်။
တောရောမြို့ပါ ပြည်သူချစ်တဲ့အနုပညာရှင် ဂီတစာဆိုမြန်မာသံအဆိုတော်ကြီး ဟင်္သာတ ထွန်းရင် ဟာ ဒီကနေ့ မနက် ၄ နာရီကျော်က ရန်ကင်းမြို့နယ် ကျောက်ကုန်းလမ်း အိမ်အမှတ် ၂၅ မှာ ကွယ်လွန်သွားတာပါ။
ဟင်္သာတ ထွန်းရင်ဟာ အဆုတ်ရောဂါနဲ့ ကွယ်လွန်ခဲ့တာဖြစ်ပြီး သားသမီး ၄ ဦး ကျန်ရစ်ခဲ့ တယ်လို့ သိရပါတယ်။