တဦးချင်းအမှားများကြောင့် ဗီယက်နမ်ကိုရှုံးနိမ့်ဟု မြန်မာနည်းပြ ပြော

ကစားသမားတချို့ရဲ့ တဦးချင်းအမှားတွေကနေ ဂိုးတွေပေးရလို့ ရှုံးနိမ့်ရတာဖြစ်တယ်လို့ မြန်မာနည်းပြ ဂတ်ဆီဇီက ဗီယက်နမ်ကို ရှုံးနိမ့်အပြီးမှာ ပြောပါတယ်။ မြန်မာအသင်းအနေနဲ့ ဒုတိယပိုင်းမှာ ခြေစွမ်းပြသနိုင်ခဲ့ပြီး ကစာသမားတချို့ရဲ့ တဦးချင်းအမှားတွေက ကိုယ့်ကိုယ်ကိုယ် သတ်နေသလိုဖြစ်တယ်လို့ မြန်မာနည်းပြဂတ်ဆီဇီက ဆိုပါတယ်။ မြန်မာအသင်းဟာ အုပ်စုဒုတိယပွဲစဉ်မှာ ကမ္ဘောဒီးယားအသင်းနဲ့ ကစားရမှာဖြစ်ပြီး ပွဲထွက်ကစားသမားစာရင်းကို အပြောင်းအလဲပြုလုပ်ဖို့ ရှိတယ်လို့လည်း မြန်မာနည်းပြက ပြောပါတယ်။ ဗီယက်နမ်နည်းပြ ငုရင်ဟူသန်ကတော့ မြန်မာအသင်းနဲ့ပွဲဟာ ပွဲမစခင်က ပြောခဲ့တဲ့အတိုင်း ခက်ခက်ခဲခဲ ကစားခဲ့ရပြီး ကံကောင်းလို့ အနိုင်ရခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။ မြန်မာအသင်းတိုက်စစ်မှူး အောင်သူရဲ့ခြေစွမ်းကိုလည်း ဗီယက်နမ်နည်းပြက ချီးကျူးပြောကြားခဲ့ပြီး မြန်မာအသင်းရဲ့ ခြေစွမ်း၊ စိတ်ဓာတ်ကိုလည်း ချီးကျူးပြောကြားခဲ့ပါတယ်။ မြန်မာအသင်းနဲ့ ဗီယက်နမ်အသင်းတို့ရဲ့ ပွဲစဉ်မှာ ဗီယက်နမ်အသင်းက ပွဲချိန် ၂၄ မိနစ်မှာ ငုရင်ဗန်ကူယက်ရဲ့ဂိုးနဲ့ ဦးဆောင်ကစားခဲ့ပေမယ့် ပွဲချိန် ၇၃ မိနစ်မှာ အောင်သူက ဧရိယာထိပ်ကနေ အပြင်းကန်သွင်းခဲ့ပြီး မြန်မာအသင်းအတွက် ချေပဂိုးသွင်းခဲ့ပါတယ်။ ဗီယက်နမ်အသင်းအတွက်အနိုင်ဂိုးကိုတော့ မြန်မာနောက်တန်းရဲ့ လူပေးမှားမူကနေ ဗီယက်နမ်တိုက်စစ်မှူး လီကောင်ဗင် ကကန်သွင်းယူခဲ့တာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up