DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေးအကျဉ်းသားအပါအ၀င် အကျဉ်းသား​များ​ ထပ်​မံ​လွှတ်​ဖွယ်​ရှိ
DVB
·
November 13, 2011
နိုင်ငံရေးအကျဉ်းသားအပါအ၀င် အကျဉ်းသား​များ​ ထပ်​မံ​လွှတ်​ဖွယ်​ရှိ
Donate to DVB

အကျဉ်းထောင်တွေထဲမှာ​ ကျန်ရှိနေသေးတဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေ သူတွေကို လွှတ်ပေးဖို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က သမ္မတ ဦးသိန်းစိန်ဆီကို မေတ္တာရပ်ခံထားတဲ့ အိတ်ဖွင့်ပေးစာကို ဒီကနေ့ထုတ်  အစိုးရ သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

အချက် ၈ ချက်ပါတဲ့ အဲဒီအိတ်ဖွင့်ပေးစာမှာတော့ နိုင်ငံတကာက ပြောဆိုနေတဲ့ ‘ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေသူများ’ ဆိုတဲ့ အကျဉ်းသားတွေဟာ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရဲ့ စုံစမ်းချက်အရ ၅၀၀ ခန့်သာ ရှိသည့်အနက် အောက်တိုဘာလ ၁၁ ရက်နေ့က လွတ်ငြိမ်းချမ်သားခွင့်မှာ  ၂၀၀ ကျော် လွှတ်ပေးခဲ့ပြီးပါပြီ။

နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ တိုင်းရင်းသားအကျိုးစီပွားထိပါးမည့် အန္တရာယ်မရှိသော အကျဉ်းသားများကို ထပ်မံလွှတ်ပေးခြင်းဖြင့် နိုင်ငံတော် တည်ဆောက်ရေးမှာ တတပ်တအား ပါဝင်ဆောင်ရွက်နိုင်ကြမယ့်အပြင် အမျိုးသား စည်းလုံးညီညွတ်ရေးကိုလည်း အထောက်ကူ ပြုစေလိမ့်မယ်လို့ ပါရှိပါတယ်။

အကျဉ်းကျခံနေရသူတွေထဲက နိုင်ငံတော် တည်ငြိမ်းအေးချမ်မှုကို ထိန်းသိမ်းဖို့ လိုအပ်ချက်အရ လွတ်ငြိမ်းချမ်းသာခွင့်မှာ ထည့်သွင်းမပေးနိုင်သူတွေ ရှိရင်လည်း အဲဒီလူတွေဟာ မိသားစုနဲ့ဝေးလံတဲ့ အကျဉ်းထောင်တွေမှာ ကျခံနေရသူတွေ ဖြစ်ပါက မိသားစုနဲ့ တွေဆုံနိုင်ဖို့ သွားလာရေးလွယ်တဲ့ အကျဉ်းထောင်မှာ ပြောင်းရွှေ့ပေးနိုင်ဖို့ စဉ်စားပေးရန် တင်ပြထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ လွတ်ငြိမ်းချမ်းသာခွင့် မတိုင်ခင်ကလည်း မြန်မာ နိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်က သမ္မတဆီကို ဒီလိုအလားတူ လွတ် ငြိမ်းချမ်းသားခွင့်ပေးဖို့ တောင်းဆိုခဲ့ပြီး နောက်တနေ့မှာပဲ အကျဉ်းသား ၆ ထောင် ကျော် လွတ်မြောက်လာခဲ့ပါတယ်။

အမျိုသားလူ့အခွင့်ရေးကော်မရှင်ကနေ  ကျန်ရှိနေသေးတဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေကို လွှတ်ပေးဖို့ တောင်းဆိုတဲ့စာ ဒီကနေ့ သတင်းစာမှာ ဖော်ပြချိန်မှာပဲ မနက်ဖြန် တနင်္လာနေ့မှာ နိုင်ငံရေးအကျဉ်းသားတွေ အပါအ၀င် အကျဉ်းသားတွေ ထပ်မံလွှတ်ပေးမယ်လို့ အစိုးအရာရှိတဦးက ပြောဆိုလိုက်တယ် ဆိုပြီး အေအက်ပီသတင်းမှာ ရေးသားထားပါတယ်။

“မနက်ဖြန်အကျဉ်းသားတချို့ လွှတ်ဖို့ ရှိနေတယ်ဆိုပြီး” အမည်မဖော်လိုတဲ့ အစိုးရ အရာရှိတယောက်က ပြောဆိုသွားပြီး အသေးစိတ်ကို ပြောဆို မသွားခဲ့ပါဘူး။

နောက်ထပ် အရာရှိတယောက်ကတော့ “လွတ်မြောက်လာမယ့်အထဲမှာ ရန်ကုန်ပြင်ပက ထောင်တွေထဲက စည်းကမ်းလိုက်နာတဲ့ အကျဉ်းသားတွေ ပါဝင် ကြောင်း” ပြောပါတယ်။

အစိုးရက ပြီးခဲ့တဲ့အောက်တိုဘာလ ၁၁ ရက်နေ့ အကျဉ်းသား ၆၀၀၀ ကျော် လွှတ်ပေးခဲ့ပေမယ့်လည်း အဓိကကျတဲ့ နိုင်ငံရေးခေါင်းဆောင်တွေ ပါမလာလို့ လေ့လာသူတွေနဲ့ အတိုက်အခံတွေကြားမှာ စိတ်ပျက်နေကျတုန်း တလ အကြာမှာ အခုလို နောက်ထပ် လွှတ်ပေးဖို့ ဖြစ်လာတာပါ။

သက်တမ်း ၈ လရှိပြီဖြစ်တဲ့ မြန်မာအစိုးရသစ်ဟာ လာမယ့် ၂၀၁၄ မှာ အာဆီ ယံရဲ့ အလှည့်ကျ ဥက္ကဋ္ဌ ရာထူးကို ရယူဖို့ မျှော်လင့်နေပြီး အဲဒီမတိုင်ခင်မှာ နိုင်ငံရေး တိုးတက်မှုတွေရှိကြောင်း ပြသလိုနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013