ဆူဇူကီးဖလား မလေးရှားက ကမ္ဘောဒီယားကို ၃-၂ ဂိုးဖြင့် အနိုင်ရ










1.5K
ဆူဇူကီးဖလားအုပ်စု (ခ) ရဲ့ အဖွင့်ပွဲစဉ်တွေကို နိုဝင်ဘာ ၂၀ ရက်က စတင်ကစားခဲ့ပြီး မလေးရှား အသင်းက ကမ္ဘောဒီးယားအသင်းကို ၃ ဂိုး ၂ ဂိုး နဲ့အနိုင်ရခဲ့ပါတယ်။
မလေးရှားအသင်းမှာ ဘက်ဒရိုလ်၊ ဇိုင်နန်၊ အမ်ရီ တို့နဲ့ လူစုံပွဲထွက်ကစားခဲ့ပြီး ကမ္ဘောဒီးယားအသင်းမှာလည်း ဗန်သန်နကာ၊ ဆော့ဖန်၊ မိုနီအူဒမ် တို့နဲ့လူစုံပွဲ ထွက် ကစားခဲ့ပါတယ်။
ပွဲစကတည်းက မလေးရှားအသင်း တိုက်စစ်ဆင်ကစားခဲ့ပေမယ့် ဂိုးသွင်းခွင့်တွေကို အသုံးမချနိုင်ခဲ့ဘဲ ပွဲချိန် ၈ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကတဆင့် ဗန်သန် နကာက ဂိုးသမားနဲ့တစ်ဦးချင်းအတွေ့မှာ အပိုင်ကန်သွင်းပြီး ကမ္ဘောဒီးယားအတွက် ဦးဆောင်ဂိုး ရယူခဲ့ပါတယ်။
ပွဲချိန် ၃၇ မိနစ်မှာတော့ မလေးရှားက ဇိုင်နမ်က ချေပဂိုး တစ်ဂိုး သွင်းယူခဲ့ပေမယ့် ဒုတိယပိုင်း ပွဲချိန် ၅၉ မိနစ်မှာ ဗန်သန်နကာကပဲ ကမ္ဘောဒီးယားအတွက် ဦးဆောင်ဂိုးထပ်သွင်းပါ တယ်။
ဒါပေမယ့် မလေးရှား တိုက်စစ်ကလည်း ခြေစွမ်းပြကစားနိုင်ခဲ့တာကြောင့် ပွဲချိန် ၆၉ မိနစ်နဲ့ မိနစ် ၈၀ တွေမှာ ၀ါရင့်တိုက်စစ်မှူးအမ်မရီက ချေပဂိုးနဲ့အနိုင်ဂိုးတွေ ထပ်သွင်းခဲ့လို့ ပွဲဦးထွက်မှာ အနိုင် ၃ မှတ်ရရှိခဲ့တာဖြစ်ပါတယ်။
ဆူဇူကီးဖလားအုပ်စု (ခ) တခြားပွဲစဉ်မှာတော့ အိမ်ရှင်မြန်မာအသင်းနဲ့ ဗီယက်နမ်အသင်းတို့ မြန်မာစံတော်ချိန် ၆ နာရီ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။
ဆူဇူကီးဖလားအုပ်စု (ခ) ဒုတိယနေ့ပွဲစဉ်တွေကို လာမယ့် နိုဝင်ဘာ ၂၃ မှာ ယှဉ်ပြိုင် ကစားမှာဖြစ်ပြီး ညနေ ၃ နာရီမှာ မလေးရှားနဲ့ဗီယက်နမ်၊ ညနေ ၆ နာရီမှာ မြန်မာနဲ့ကမ္ဘောဒီးယားအသင်းတို့ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။
သတင်း - ဓာတ်ပုံ- လွှမ်းမိုးအောင်