DVB Logo
Home
မြန်မာသတင်း
ရန်ကုန် – မန္တလေး express ကားမှောက် ၉ ဦးသေဆုံး
DVB
·
November 13, 2011
Donate to DVB

ရန်ကုန် - မန္တလေး ၈ လမ်းသွား ကားလမ်းမပေါ်မှာ  ရန်ကုန်ကနေ  မန္တလေးကို​ သွားတဲ့ နယူးမန္တလာထွန်း​ ယာဉ်လိုင်းကားတစီး တံတားဦးမြို့အ၀င်မှာ တိမ်းမှောက်သွားတဲ့အတွက် ခရီးသည် ၉ ဦး အဲ​ဒီ​နေ​ရာ​မှာ​တင် သေဆုံးခဲ့သလို ၃၀ နီးပါး ဒဏ်ရာ ရရှိသွားပါတယ်။

အဲဒီကားဟာ တံတားဦးမြို့နဲ့  ၃ မိုင်အကွာ၊ မြင်စိုင်းရွာအနီးမှာ ဒီနေ့ နိုဝင်ဘာလ ၁၃ ရက် မနက် ၄ နာရီကျော်လောက်မှာ လမ်းချော်တိမ်းမှောက်သွားတာပါ။

ယာဉ်မောင်းသူဟာ အိပ်ငိုက်သွားတာကြောင့် ကားကလမ်းမအလယ် လမ်းကြောင်းကို ကျော်သွားပြီး​ လမ်းချော်တိမ်းမှောက်ခဲ့တာ​ ​ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒဏ်ရာရ လူနာတွေကို မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးမှာ ပို့ဆောင်ထားပါတယ်။

ဆေးရုံ တာဝန်ရှိသူကတော့ ဆေးရုံပေါ် ဒဏ်ရာပြင်းထန်တဲ့လူနာ ၂၇ ဦး​ ​ရောက်ရှိလာတယ်လို့ ပြောပါတယ်။

“ဆေးရုံပေါ်ကို ၂၇ ယောက် ရောက်တယ်။ ကောင်းတဲ့သူတွေပဲ ရောက်တယ်။ ​သေ​တဲ့​သူ​တွေ သယ်မလာဘူးပြောတယ်။ ကိုးယောက်ရှိတယ် ပြောတယ်။”

ဆေးရုံရောက်လာတဲ့ သူတွေထဲမှာ အသက်အန္တရာယ် စိုးရိမ်ရတဲ့ လူနာ မပါပေမယ့် စောင့်ကြည့်ပေးနေတယ်လို့လည်း အဲဒီ တာဝန်ကျ ဆရာဝန်ကပဲ ဆိုပါတယ်။

ကားမှောက် သေဆုံးသူထဲမှာ အသက် ၈ နှစ်အရွယ် မိန်းကလေးငယ်တဦး ပါဝင်တယ်လို့ ကိုယ်တိုင်သွားရောက် သတင်းယူနေတဲ့ သတင်းထောက်တဦးက ဒီဗွီဘီကို ပြောပါတယ်။

မန္တလေးရဲစခန်းကို မေးမြန်းကြည့်ရမှာတော့ ကားမှောက်မှုကြောင့် သေဆုံးသူ ၉ ဦး ရှိကြောင်းကို အတည်ပြု​ ​ပြောဆိုပါတယ်။

“ကားမှောက်တဲ့ဟာက လောလောဆယ် အပြည့်အစုံ မရသေးပါဘူးခင်ဗျ။ ကျနော်လည်း လှမ်းပြီးတော့ မေးနေတုန်းလေ။ အရှိန်လွန်လို့ ဖြစ်တာလို့တော့ သိရပါတယ်။ ကျန်တာကတော့ ထပ်မသိရသေးပါဘူး။”

ကားမောင်းသူကို အရေးယူဖို့ ပြင်ဆင်နေတယ်လို့လည်း ပြောဆို​သွား​ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013