Home
မြန်မာသတင်း
ကောလင်းမြို့နယ်တွင် တရားမဝင် သစ်စက်များနှင့် သစ်ခွဲသားများဖမ်းမိ
DVB
·
November 20, 2016
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ကသာခရိုင် ကောလင်းမြို့နယ် လာကာကျေးရွာအနီး မှာ နိုဝင်ဘာလ (၁၇-၁၈) နှစ်ရက်ဆက်တိုက် တရားမဝင် သစ်စက်နဲ့ သစ်ခွဲသားတွေ ဖမ်းဆီး ရမိခဲ့ပါတယ်။ တိုင်းသစ်တော ဦးစီးအဖွဲ့နဲ့ ကသာခရိုင် မှ လ/ထ ညွှန်ကြားရေး ဦးစီးသော သစ်တော လုံခြံရေး ရဲတပ်ဖွဲ့ဝင်များပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ လာကာကျေးရွာ အနောက်ဘက် တောင်ရိုးတလျှောက်မှ လာကာ သစ်တောကြိုးဝိုင်းအတွင်း တရားမဝင် သစ်စက်လည်နေကြောင်း သတင်းအရ တောနင်းရှာဖွေရာ တရားမဝင် သစ်စက် ၆ လုံး၊ ဆက်စပ် ပစ္စည်းများနဲ့ အတူ သစ်တန် (၁၀၀) ကျော်၊ သစ်ဆွဲရာမှာ အသုံးပြုနေတဲ့ ဆင် ၁ ကောင်နဲ့ လူ ၂ ဦး တို့ကို ဖမ်းဆီး ရမိခဲ့ပါတယ်။ စုစုပေါင်းကာလ တန်ဖိုး ငွေကျပ်သိန်း (၁၅၀) ခန့် ဖမ်းဆီးရမိခဲ့တာပါ ။ တရားမဝင် သစ်စက်လည်နေသူ လာကာကျေးရွာနေ ဦးဝင်းလှိုင် အသက် ၄၂ နှစ်နဲ့ ဒေါ်ရီခိုင် အသက် ၃၇ နှစ်တို့ကို ပြည်သူပိုင်ပစ္စည်း အလွဲသုံးမှု ဥပဒေပုဒ်မ ၆/(၁) နဲ့ အမှုဖွင့် အရေးယူထားတယ် လို့ ကသာခရိုင် သစ်တောဦးစီးဌာနက ပြောပါတယ်။ သီဟဆွေ (ကသာ)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024