မူဆယ် ၁၀၅ မိုင်ဂိတ်အနီးတွင် တိုက်ပွဲပြင်းထန်၊ သေဆုံး ဒဏ်ရာရမှုများရှိ

အစိုးရတပ်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (တီအန်အယ်လ်အေ) တို့ ဒီနေ့မနက် ၅ နာရီပတ်ဝန်းကျင်လောက်က တရုတ်-မြန်မာနယ်စပ် ၁၀၅ မိုင်အနီးမှာ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ၁ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရတယ်လို့ မူဆယ်မြို့မရဲစခန်းက ပြောပါတယ်။ ပစ်ခတ်မှုကြောင့် ဒီနေ့မနက်ထိ ရဲတပ်ဖွဲ့ဝင် ၁ ဦးနဲ့ အရပ်သား ၇ ဦးဒဏ်ရာရခဲ့ပြီး ၁ ဦးသေဆုံးတယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ လမ်းတွေကို ပိတ်ထားဆဲ ဖြစ်ပြီး သစ်သီးတင် ကုန်ကားတွေ အများအပြား ပိတ်မိနေတယ်လို့ သိရပါတယ်။ အခုလို ပစ်ခတ်မှု ဖြစ်တာကြောင့် ဒေသခံ အချို့နဲ့ အလုပ်သမားအချို့ဟာ ကုန်သွယ်ရေးဇုန်ထဲက သစ်သီးပွဲရုံတွထဲမှာ ပုန်းခိုနေရပါတယ်။ မင်းရဲစစ်နိုင်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up