ပေါ့ပ်စတား အယ်လီနာ၏ ဂီတပွဲတွင် ဗုံးပေါက်ကွဲမှုဖြစ်၊ ၆ ဦး ဒဏ်ရာရ (ရုပ်သံ)

ပေါ့ပ်စတား အယ်လီနာတီကီရဲ့ ဂီတဖျော်ဖြေပွဲမှာ လူအုပ်ကြားထဲ လက်လုပ်ဗုံး ပေါက်ကွဲတယ်လို့ ယူဆရတာကြောင့် လူ ၆ ဦး ဒဏ်ရာ ရခဲ့ပါတယ်။ နိုဝင်ဘာ ၁၉ ရက်နေ့ညမှာ တာကီမြို့အရှေ့တောင်ပိုင်း ဒီရာဘာကာမြို တစ်နေရာမှာ အဆိုတော် အယ်လီနာတယ်လ်ကီက ဂီတနဲ့ဖျော်ဖြေခဲ့တဲ့အချိန်မှာ ပေါက်ကွဲမှုဖြစ်ခဲ့တာပါ။ ဆူညံသံအကျယ်ကြီးကို မကြားခင် ပေါ့ပ်စတားက စင်ပေါ်မှာ သီချင်းဆို ကနေတာကို ဗွီဒီယိုရုပ်သံမှာ မြင်ရမှာပါ။ ဖျော်ဖြေနေတုန်းမှာပဲ ပေါက်ကွဲတဲ့အသံတခု ကြားရပြီး လူအုပ်ဟာ ရုတ်တရက် စအော်လာတာပါ။ အဲ့ဒီနောက် ရုပ်သံမြင်ကွင်းက မရှင်းမလင်းဖြစ်နေတဲ့အချိန်က ပရိသတ်တွေဟာ ထွက်ပေါက်ဘက်ကို ပြေးထွက်နေကြတာပါ။ ဂီတပွဲထွက်ပေါက်ဘက်ကို ထွက်ပြေးရင်း လူ ၆ ဦး ဒဏ်ရာရတယ်လို့ ဒေသခံ မီဒီယာတွေက သတင်းထုတ်ပြန်ထားပါတယ်။ အခင်းဖြစ်ပွါးမှုအတွင်း အဆိုတော် အယ်လီနာ ထိခိုက်ဒဏ်ရမှု မရရှိဘူးလို့ သိရပြီး သူမရဲ့တွီတာစာမျက်နှာမှာ “ကျမတို့တွေက မိတ်ဆွေကောင်းတွေပါ” လို့ ရေးထားကြောင်း မေရာသတင်းက ဆိုပါတယ်။ ရဲတွေက ဒီအခင်းဖြစ်တာနဲ့ ပတ်သက်ပြီး အကြီးအကျယ်စုံစမ်းထောက်လှမ်းနေကြတယ်လို့လည်း သိရပါတယ်။ ဒီဗုံးခွဲတိုက်ခိုက်မှုရဲ့ နောက်ကွယ် ဘယ်သူရှိတယ်ဆိုတာကို မသိရသေးပေမဲ့ ဒီဗုံးဟာ လက်လုပ်ဗုံးလို့ သတင်းတွေက ထုတ်ပြန်ထားပါတယ်။ အဆိုတော်လယ်လီနာက သူမရဲ့ ဂီတဖျော်ဖြေပွဲက ရရှိတဲ့ ငွေကြေးကို ယခုတာကီမှာဖြစ်တဲ့ လက်လုပ်ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာသူတွေရဲ့ မိသားစုတွေကို လှူဒါန်းသွားမယ်လို့လည်း သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up