Home
မြန်မာသတင်း
လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် အစီအစဉ်မရှိဟု ပြည်ထဲရေးပြောကြား
DVB
·
November 19, 2016
မြန်မာပြည်အကျဉ်းထောင်တွေ အသီးသီးမှာ အကျဉ်းကျခံနေရတဲ့ အကျဉ်းသူအကျဉ်းသား တွေကို အစိုးရအနေနဲ့  လွတ်ငြိမ်းချမ်းသာ ခွင့်ပေးဖို့  အစီအစဉ် မရှိဘူးလို့ ပြည်ထဲရေး ၀န်ကြီးဌာနက ပြောကြားလိုက်ပါတယ်။ မနေ့က ပြည်သူ့လွှတ်တော်မှာ ကော့သောင်းအမတ် ဦးခင်ဇော်ရဲ့  ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံကို ကြိုဆိုထောက်ခံ သောအားဖြင့် သမ္မတက အမျိုးသားလုံခြုံ ရေးကောင်စီရဲ့ ထောက်ခံချက်ရယူပြီး အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်း သာခွင့်ပေးဖို့  အစီအစဉ်ရှိ၊ မရှိ မေးခွန်းကို  ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုးကပြောကြားသွားတာပါ။ ပြစ်ဒဏ်တွေချမှတ်ခံရတဲ့ အကျဉ်းသားတွေ အနက်သမ္မတက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၀၄၊ ပုဒ်မခွဲ(က)(ခ)အရ အကျဉ်းသူ၊ အကျဉ်းသားတွေကို ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာ ခွင့် ပေးပိုင်ခွင့်ရှိပေမယ့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ကို ၂၀၁၆  သြဂုတ်လ ၃၁ ရက်မှာ စတင်ကျင်းပခဲ့ပြီးဖြစ်လို့ ယခုအချိန်မှာ ညီလာခံကို ကြိုဆိုသောအားဖြင့် လွတ်ငြိမ်းချမ်းသာ ခွင့်ပေးရန် အစီအစဉ် မရှိကြောင်း ဖြေကြားသွားပါတယ်။ မြန်မာနိုင်ငံမှာ အရင်အစိုးရလက်ထက်   ၂၀၁၁ ခုနှစ် မှ ၂၀၁၄ ခုနှစ်အထိ လွတ်ငြိမ်းချမ်းသာခွင့် ၄ ကြိမ်ပေးခဲ့ပြီး နိုင်ငံတော်သမ္မတရုံးရဲ့ ၂၀၁၅ ဇူလိုင်က ထုတ်ပြန်တဲ့  လွတ်ငြိမ်းချမ်း သာခွင့်အမိန့်မှာ အကျဉ်းသား အကျဉ်းသူစုစုပေါင်း ၆၇၆၈ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ထိ မြန်မာနိုင်ငံ အကျဉ်း ထောင်တွေမှာ နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၉၈ ဦး အကျဉ်းကျခံ နေရပြီး တက်ကြွလှုပ်ရှားသူ ၁၀၈ ဦး နိုင်ငံရေး လှုပ်ရှားမှုများကြောင့် တရားရင်ဆိုင်နေရတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက် ရေးအသင်းက ထုတ်ပြန်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024