လမ်းဘေးဈေးသည်များကို ညဈေးတန်းနေရာအတွက် ဆိုင်ခန်းများ မဲနှိုက်ပေး
အာကာ
·
November 19, 2016

လမ်းဘေးဈေးသည်တွေကို ညဈေးတန်းမှာ နေရာချပေးဖို့အတွက် ဆိုင်ခန်းနေရာတွေကို နိုဝင်ဘာလ ၁၈ ရက်နေ့က စပြီးမဲနှိုက်ပေးနေပါတယ်။
ရန်ကုန်မြို့ကျောက် တံတား၊ ပန်းဘဲတန်း၊ လသာနှင့် လမ်းမတော်မြို့နယ်တွေက စည်ပင်သာယာရုံးတွေမှာ မဲနှိုက်ပေးခဲ့တာပါ။
လမ်းဘေးဈေးသည်တွေကို အားလုံးကုန်တဲ့အထိ မဲနှိုက်ပေးသွားမယ်လို့ သိရပါတယ်။
မြို့တွင်းလေးမြို့နယ် မှာကောက်ယူထားတဲ့ လမ်းဘေးဈေးသည် ၆၀၀၀ ကျော်ထဲက အစားအသောက် နဲ့ သစ်သီးသည် စုစုပေါင်း ၁၆၀၀ ကျော်ကို ကမ်းနားလမ်းတောက်လျှောက် (ပန်းဆိုးတန်းမှ လသာမြို့နယ် အောင်သစ္စာလမ်းထိပ်)၊ ဘဏ်လမ်း(မဟာဗန္ဓု လပန်းခြံလမ်းနှင့် ပန်းဆိုးတန်းလမ်း အကြား)မဟာဗန္ဓုလပန်းခြံလမ်း(မဟာ ဗန္ဓုလလမ်းနှင့် ကမ်းနားလမ်းအကြား တို့မှာ နေရာချထားပေးမှာဖြစ်ပါတယ်။
မဲနှိုက်ပြီးတဲ့ လမ်းဘေးဈေးသည်တွေကို နိုဝင်ဘာလကုန်လောက်မှာ အပြီးနေရာ ချပေးသွားမှာပါ။