DVB Logo
Home
မြန်မာသတင်း
တစညပါတီအလံ ပြောင်းလဲအသုံးပြုမည်
DVB
·
November 19, 2016
တစညပါတီအလံ ပြောင်းလဲအသုံးပြုမည်
1 / 2
Donate to DVB

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို အမွေဆက်ခံတဲ့ တိုင်ရင်းသားစည်းလုံးညွတ်ရေးပါတီ (တစည)ရဲ့ အလံကိုပြောင်းလဲအသုံးပြုမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကြေညာပါတယ်။

အနီရောင်အောက်ခံမှာ ကြယ်ဖြူသုံးပွင့်ဒေါင့်ဖြတ်ထည့်ထားတဲ့ မူလအလံပုံစံအစား အောက်ခံအရောင်ကို မိုးပြာရောင်ပြောင်းလဲအသုံးပြုလိုက်ပါတယ်။

ဒါ့အပြင် ပါတီရဲ့လိုဂိုဖြစ်တဲ့  လယ်သမားအလုပ်သမားကိုယ်စားပြု စပါးနှံနဲ့ ပင်နီယံစက်သွားပုံ၊ ပြည်နယ်နဲ့တိုင်း၁၄ခုရှိတိုင်းရင်းသားပြည်သူတွေကို ကိုယ်စားပြုတဲ့ ကြယ်၁၄ပွင့် အမှတ်တံဆိပ်ကို အလံရဲ့အလယ်ခါင်မှာ ထပ်မံဖြည့်စွက်ထည့်ထားလိုက်ပါတယ်။

ပါတီအလံပြောင်းလဲရတာနဲ့ပတ်သက်ပြီး ပါတီဗဟိုအလုပ်အမှုဆောင် ဦးဟန်ရွှေက “ကျနော်တို့ အရင်တုန်းကတော့ အနီရောင်နဲ့ ကြယ်သုံးပွင့် ရှေ့မှာထားပါတယ်၊ ဒါဟိုတုန်းက အစဉ်အလာအရလုပ်ခဲ့တာပါ၊ တကယ်တော့ ကျနော်တို့ပါတီရဲ့ အရောင်က  စကတည်းက  မိုးပြာရောင်ပါပဲ အဲဒါနဲ့ ခုဒီအရောင်ကို ပြန်ပြောင်းတာပါ၊ နောက်အထဲမှာ ပါတီရဲ့လိုဂိုကိုထဲ့ထားပါတယ်၊ အလံကိုကြည့်လိုက်တာနဲ့ ကျနော်တို့ ပါတီရဲ့ အလံပဲဆိုတဲ့ဟာဖြစ်တယ်။  နို့မို့ဆိုရင်တော့ ကျနော်တို့က ရှင်းပြနေရတဲ့သဘောရှိတယ် အနီနဲ့ကြယ်သုံးလုံးထဲကျတော့ ကျနော်တို့ပါတီအလံဆိုပြီးရှင်းပြရတယ်ပေါ့။ အခုတော့ အလံမှာ လိုဂိုထည့်လိုက်တဲ့ အခါကျတော့ ဒီဥစ္စာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီရဲ့ အလံပဲဆိုတာ ကို ထင်ထင်ရှားရှားသိသွားတာပေါ့  ”လို့ပြောပါတယ်။

ပါတီရဲ့အလံကို ကန့်ကွက်လိုပါက ကြေညာတဲ့နေ့ကနေ တပတ်အတွင်း ခိုင်လုံတဲ့ အထောက်အထားနဲ့ လာရောက် ကန့်ကွက်နိုင်တယ်လို့ ကော်မရှင်က ကြေညာထားပါတယ်။

1024px-flag_of_national_unity_party-svgတစညပါတီအနေနဲ့ လာမယ့် ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲမှာ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ မွန်၊ ကယားနဲ့ ချင်း ပြည်နယ်မှာရှိတဲ့ ကိုယ်စားလှယ် လစ်လပ်နေရာ ၅ နေရာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013